Advertisements
ခရိမ်ကျောင်းကြီးပိုင်မြေ

မော်လမြိုင်၊ ဇွန် ၁၈

မော်လမြိုင်မြို့၊ ဘိုကုန်းရပ်၊ ခရိမ်ကျောင်းကြီးပိုင် သာသနာမြေအတွင်း ကျူးကျော်အဆောက်အအုံများ ကို ဖယ်ရှားရန်အတွက် လိုအပ်ပါက တရားစွဲဆိုသွားမည်ဟု ခရိန်ကျောင်းကြီး ကျောင်းထိုင် ဆရာတော် ဦးဥတ္တရက မိန့်သည်။

ဇွန်လ ၁၈ရက် မော်လမြိုင်၊ အောက်ကျင်းရပ် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်ရုံးတွင် ကျင်းပသော သာသနာမြေကိစ္စနှင့် ပတ်သတ်ပြီး သမ္မတရုံးညွှန်ကြားချက်ကို ပြည်နယ်အစိုးရမှ ဆောင်ရွက်ခြင်းမရှိအပေါ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆရာတော်က မိန့်ကြားခဲ့ခြင်းဖြစ်သည်။

“ဦးဇင်းတို့ကို တင်ပြစာတွေမှာ ပေးတဲ့အမိန့်အတိုင်း ဆောင်ရွယ်မယ်၊ တရားစွဲမှရမယ်ဆိုရင်လည်းစွဲမယ်လို့ တင်ပြလည်း တရားဝင် ဘာအကြောင်းပြန်ခြင်း မရှိခဲ့ဘူး” ဟု ဆရာတော်က မိန့်သည်။

ကျူးကျော်အိမ်ဆိုင် သုံးလုံး၊ သမဝါယမ အမည်ခံအိမ်ဆိုင် တစ်လုံးနှင့် ဆောက်လက်စအိမ်တစ်လုံး ကို ဖယ်ရှားပေးရန် မွန်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ထံ စာတင်တိုင်ကြားခဲ့မှုများ ရှိကြောင်း ဆရာတော်ကမိန့်သည်။

“ကျူးကျော်ဆိုင်ခန်းတွေက မိမိတို့သဘောဖြင့် အစဉ်အဆက်လက်ပြောင်း/လွဲနေထိုင်ကြပြီး အခုရောင်းစားမှုတွေ ရှိနေကြလို့ သာသနာမြေ မကွယ်ပျောက်ရေးအတွက် ဖယ်ရှားရှင်းလင်းနိုင်ဖို့ စာတင်ပြ တိုင်ကြားခဲ့ကြောင်း ” ဆရာတော်က မိန့်သည်။

ထိုသို့ ခွင့်ပြုချက်မတောင်းပဲ အိမ်မြေကျူးကျော်တည်ဆောက်ခြင်းများကို ဖယ်ရှားပေးနိုင်ပါရန် ပြည်နယ်ဝန်ကြီး ချုပ်ထံ ဇူလိုင်လ ၉ရက်နေ့ ၂၀၁၈တွင်လည်းကောင်း စက်တင်ဘာလ၁၇ရက် ၂၀၁၈တွင် လည်းကောင်း စာတင်တိုင်ကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် စာတင်တိုင်ကြားမှုများ ရှိခဲ့သော်လည်း ပြည်နယ် အစိုးရမှ ဆောင်ရွက်ပေးမှု ထူးခြားမှုမရှိသောကြောင့် နိုင်ငံတော် သမ္မတထံတွင် ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၅ရက်နေ့နှင့် ၂၉ရက်နေ့တွင် ကျူးကျော်နေရာများ ဖယ်ရှားပေး နိုင်ရန် တိုက်ရိုက်တင်ပြခဲ့ကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်သည်။

ထို့သို့တိုင်ကြားမှုများ ရှိခဲ့သော်လည်း အစိုးရဘက်မှ ပြည်နယ်အစိုးရအနေဖြင့် တစ်စုံတစ်ရာလုပ် ဆောင်ခြင်း၊ပြန်ကြားခြင်း မရှိသေးကြောင်း ဆရာတော်က မိန့်သည်။

“သမ္မတရုံးက စာလဲ ၄လပြည့်တော့မယ်၊ အခုထိ ဘုန်းကြီးကြောင်းနှင့် ၎င်းကျူးကျော်အိမ်ဆိုင်တွေကို လာရောက်စစ်ဆေးခြင်းကြည့်ရှုခြင်းမရှိဘူး ပြည်နယ်အစိုးရဆိုရင် အခုထိ ဘာအကြောင်းမှလုပ်ဆောင်ခြင်း ပြန်ကြားခြင်း မရှိဘူးဖြစ်နေတယ်” ဟု ဆိုသည်။

ထိုကိစ္စနှင့် သာသနာရေးကိစ္စက သာသနာရေးနှင့်သာ ဖြေရှင်းရမှဖြစ်ပြီး အစိုးရမှ ဝင်ရောက်လုပ်ဆောင်ရန် မလိုကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဆိုသည်။

“အစိုးရက မလုပ်ဆောင်ဘူးဆိုတာက လုပ်ဆောင်လို့မှ မရတာချည်းကို ဘုန်းကြီးအနေနှင့် တရားရင်ဆိုင်လို့ရ တယ်လေ သာသနာမြေမှာ သာသနာဥပဒေရှိတာပဲ၊ဒကာခံပြီးလုပ်ပေါ့” ဟု ၎င်းကဆိုသည်။

ထို့အပြင် သာသနာမြေအတွင်းတွင် စည်ပင်အနေဖြင့် အဆောက်အဦများကို ခွင့်ပြုပေးပြီး လုပ်ဆောင်ခွင့် ပေး၍မရကြောင်း ဦးမင်းကျော်လွင်က ထပ်လောင်းပြောဆိုသည်။

Written by ရန်လင်းအောင်

Leave a Reply