ခရိုင်းမီးယားဒေသသို့ ရုရှားသမ္မတ ပူတင်သွားရောက်မည်

မော်စကို မတ် ၁၈

ပင်လယ်နက်ကျွန်းဆွယ်ဒေသတွင် ပြုလုပ်သည့် ခရိုင်းမီးယားဒေသကို ယူကရိန်းမှ သိမ်းယူခြင်း ငါးနှစ်ပြည့် အခမ်းအနားသို့ ရုရှားသမ္မတပူတင် ပါဝင်ဆင်နွှဲရန် သွားရောက်ခဲ့ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံသစ်ဖွင့်ပွဲ နှင့် ပြည်သူလူထုနှင့် တွေ့ဆုံပွဲပြုလုပ်သည်ဟု ကရင်မလင် နန်းတော်က ပြောကြားသည်။

ထိုသို့ သိမ်းယူခဲ့ခြင်းကို ယူကရိန်းနှင့် မဟာမိတ်နိုင်ငံများမှ ကန့်ကွက်ကြသော်လည်း ရုရှားနိုင်ငံက နှစ်စဉ် အောင်ပွဲအခန်းအနား ကျင်းပမြဲပင် ဖြစ်သည်။

၂ဝ၁၄ ခုနှစ် မတ်လအတွင်းက ခရိုင်းမီးယားဒေသကို ရုရှားနိုင်ငံက လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။ ရုရှားလိုလား သော ယူကရိန်းနိုင်ငံခေါင်းဆောင်အား ရာထူးမှဖယ်ရှား ခဲ့ပြီးနောက်တွင် ရုရှားနှင့်ယူကရိန်းနိုင်ငံအကြား တင်းမာမှု များ လအတန်ကြာဖြစ်ပွားခဲ့ပြီးနောက် ခရိုင်းမီးယားဒေသ အား ရုရှားက ၎င်း၏ပိုင်နက်နယ်မြေတွင်းသို့ သွတ်သွင်းခဲ့ ခြင်းဖြစ်သည်။

ဆိုဗီယက်ခေါင်းဆောင်ဟောင်း နီကီတာခရူးရှက်ဗ်က ၁၉၅၄ ခုနှစ်တွင် ခရိုင်းမီးယားဒေသအား ယူကရိန်းက ထိန်းချုပ်ရန် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ခရိုင်းမီးယား ဒေသအား ပြန်သိမ်းယူခြင်းသည် သမိုင်းအမှားတစ်ခုကို ပြင်ဆင်ခြင်းဖြစ်သည်ဟု ရုရှားက ပြောကြားခဲ့သည်။

သမ္မတပူတင်၏ ခရိုင်းမီးယားဒေသအား ပြန်လည်သိမ်းယူ သည့် လုပ်ဆောင်မှုမှာ ၎င်းအား လူကြိုက်များမှုကို မြင့်တက်စေသည့် အဓိကအကြောင်းရင်းဖြစ်သည်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှ ခွဲထွက်ရေးဝါဒီများအား ရုရှားက အထောက်အပံ့ပေးနေခြင်းနှင့် ခရိုင်းမီးယားဒေသ အား ရုရှားပိုင်နက်အတွင်း သိမ်းသွင်းခြင်းတို့ကို ယူကရိန်း အစိုးရနှင့် အနောက်အုပ်စု မဟာမိတ်နိုင်ငံများက ရှုတ်ချခဲ့ ပြီး ယင်းလုပ်ဆောင်မှုများက ရုရှားနိုင်ငံအပေါ် ကျယ်ပြန့် သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြစ်ပေါ်စေရန် ဦးတည်စေ ခဲ့သည်။

ခရိုင်းမီးယားဒေသရှိ ဆီဗက်စတိုပိုလ်ပင်လယ် ဆိပ်ကမ်းမြို့တွင် ရုရှားပင်လယ်နက်ရေတပ် ရေယာဉ်စု အခြေစိုက်ထားပြီး ယင်းသို့ ရုရှားရေတပ်က အခြေစိုက် ထားမှုမှာ နှစ်ပေါင်း ၂၃ဝ ရှိပြီဖြစ်သည်။

ရုရှားရေတပ်သည် အဆိုပါ ရေတပ်အခြေစိုက် စခန်းမှနေ၍ မြေထဲပင်လယ်သို့ ဝင်ရောက်နိုင်သည်။

NHK

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.