ခရီးသည်တစ်ဦးထံမှ အနံ့ဆိုးများကြောင့် ဘေးနားမှ ခရီးသည်များ အော့အန်ခြင်း၊ မူးမေ့ခြင်းဖြစ်သဖြင့် စပိန်နိုင်ငံ ဂရမ်းကာနီယာ ကျွန်းသို့ ပျံသန်းနေသော တရန်စဗီးယား လေယာဉ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရသည်။

နယ်သာလန်ချီပို လေဆိပ်မှ လေယာဉ်ထွက်ပြီးနောက်တွင် အဆိုခရီးသည်၏ ဘေးမှ လူများ မူးမေ့ခြင်း၊ အော့အန်ခြင်းတို့ ဖြစ်ကုန်သည်ဟုဆိုသည်။

အဆိုပါ ဘိုးအင်း ၇၃၇ လေယာဉ် အရေးပေါ် မဆင်းသက်ခင်က လေယာဉ်ဝန်ထမ်းများသည် ယင်းခရီးသည်အား လေယာဉ်အိမ်သာထဲတွင် ရေးဆေးပေးရန် ကြိုးစားခဲ့ကြကြောင်း သိရသည်။

အနံ့ဆိုးထွက်သော အဆိုပါ ခရီးသည်ကို လေယာဉ်ပေါ်မှ ချထားခဲ့နိုင်ရန်အတွက် ပေါ်တူဂီနိုင်ငံတောင်ပိုင်း ဖာရိုတွင် လေယာဉ်ကို ဆင်းသက်ခဲ့ရသည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်တစ်ဦး ရိုက်ထားသော ဓာတ်ပုံထဲတွင် ထိုခရီးသည်အား ကျန်းမာရေးဝန်ထမ်းများ ခေါ်သွားသည်ကို တွေ့ရသည်။

‘သူရေမချိုးတာ ရက်သတ္တပေါင်းအများကြီး ကြာနေပြီထင်တယ်။ ခရီးသည်တွေ မူးပြီ အန်ကုန်ကြတယ်’’ ဟု လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်တစ်ဦးဖြစ်သူ ပီယက်ဗန်ဟွတ်က ပြောသည်။

ထရန်ဆဗီးယားလေကြောင်းလိုင်းကလည်း ‘ကျန်းမာရေးကိစ္စကြောင့်’ လေယာဉ်ကို အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု အတည်ပြုပြောကြားခဲ့သည်။

ကျန်းမာရေးကိစ္စဆိုသည်မှာ အဆိုပါ အနံ့ဆိုးထွက်သည့် ခရီးသည်အတွက်လား၊ အခြားလူများ မူးေ၀ အော့အန်ခြင်းကြောင့်လား မသိရပေ။

‘ကျန်းမာရေးဆိုင်ရာ ကိစ္စကြောင့် လေယာဉ် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရတာပါ။ သူကလည်း အနံ့တော့ အတော်ဆိုးပါတယ်” ဟု ထရန်ဆဗီးယား လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Source: Mirror

Leave a Reply