Advertisements

အမျိုးသမီးတစ်ယောက်ဟာ ခေါင်းကိုက်လို့ဆိုပြီး ဆေးရုံသွားမှ ခေါင်းကို သေနတ်နဲ့ ပစ်ခံထားရမှန်းသိခဲ့ရပါတယ်။ မဟုတ်ရင် မသိခဲ့ပါဘူး။ သူ့ကို ရည်းစားဖြစ်သူက သေနတ်နဲ့ ပစ်ခဲ့တာဖြစ်တယ်လို့ ယူဆထားပြီး အခုအခါမှာတော့ FBIက အဲဒီအမျိုးသားကို လိုက်ရှာနေပါတယ်။ ပြီးတော့ အများပြည်သူအနေနဲ့လည်း အဲဒီလူကို တွေ့ရင် အကြောင်းကြားဖို့ နှိုးဆော်ထားပါတယ်။

အဲဒီအမျိုးသားဟာ အသက် ၃၈ နှစ်အရွယ် ဂျရွန်တေး ကိန်းဆိုသူဖြစ်ပြီး ရန်ပြုမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုတို့နဲ့ အမှုဖွင့်ခံထားရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အခုအခါမှာတော့ ရဲတပ်ဖွဲ့ဟာ အဲဒီအမျိုးသားကို လိုက်လံရှာဖွေနေပါတယ်။

အတ္တလန္တာရဲဌာနရဲ့ အဲဒီအမျိုးသမီးဟာ ခေါင်းကိုက်လို့ဆိုပြီးတော့ အတ္တလန္တာ ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ ဆရာဝန်တွေက ဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့ဦးခေါင်းခွံထဲမှာ ကျည်ဆန်တစ်ခု တွေ့ရှိခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ကတော့ အဲဒီအမျိုးသမီးကို လွန်ခဲ့တဲ့နှစ်လလောက်က ရည်းစားဖြစ်သူက ပစ်ခတ်ခဲ့တာဖြစ်ပြီး သူကတော့ သေနတ်မှန်မှန်းမသိခဲ့တာဖြစ်တယ်လို့ ယူဆနေပါတယ်။

ကိန်းဆိုသူဟာ ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်မှုနဲ့ အမှုဖွင့်ခံရဖူးပြီး ၂၀၀၉ ခုနှစ်မှာ ပြစ်ဒဏ်ချ ခံခခဲ့ရပါတယ်။ ပြီးတော့ ဂျော်ဂျီယာပြည်နယ်ရဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်သူများ စာရင်းထဲမှာ ထည့်သွင်းခံထားရပါတယ်။

သူဟာ အရပ် ငါးပေ ဆယ်လက်မရှိပြီး ပေါင် ၂၁၀ ရှိတယ်လို့ ဆိုပါတယ်။ ပြီးတော့ လက်နက် ကိုင်ဆောင်ထားဖွယ်ရှိနေပြီး အန္တရာယ်ရှိတယ်လို့ ရဲတပ်ဖွဲ့က သတ်မှတ်ထားပါတယ်။

Source: Dayton Daily News

Advertisements
<

Leave a Reply