Advertisements

မန္တလေး၊ အောက်တိုဘာ ၁၃ ရက်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ်(၁)ရပ်ကွက်၊ ၆၆×၆၇ လမ်းကြား၊ သဇင်လမ်းနှင့် ရတနာ အောင်မြေလမ်းကြားရှိ လူနေနှစ်ထပ်တိုက်တစ်လုံးတွင် အောက်တိုဘာ ၁၃ ရက်၊ နံနက်ပိုင်းက လျှပ်စစ်ဝါယာ ရှော့ဖြစ်ရာမှ Level -2 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နေအိမ်အောက်ထပ်ရှိ ရေခဲသေတ္တာတွင် ဝါယာရှော့ဖြစ်ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်(၂)စီးနှင့် အတွင်းပရိဘောဂပစ္စည်းများ မီးကူးစက်လောင်ကျွမ်းခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း(၃၀)ကျော်ရှိကြောင်း သိရသည်။

Advertisements
data-language="en"

“လက်ရှိနေထိုင်တဲ့သူတွေ တရုတ်နိုင်ငံသားတွေငှားနေတာဖြစ်ပါတယ်။ ကျောက်အရောင်းအဝယ်လုပ်ငန်းနဲ့ လာရောက်ပြီးနေထိုင်ကြတာပါ။ ကျွန်တော်တို့ကတော့ မီးပေါ့ဆမှုနဲ့ တရားစွဲမှာပါ။ ပြည်ပနိုင်ငံသားဖြစ်တဲ့အ တွက် ကျန်တဲ့အမှုကိစ္စကိုတော့ လ.ဝ.ကကနေ ဆက်လက်ဆောင်ရွက်သွားမှာပါ။”ဟု ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးစံသူက ပြောသည်။

မီးလောင်ရာသို့ မီးသတ်ယာဉ် အစီး(၂၀)၊ ရေသယ်ယာဉ်(၁၀)စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦး၊ အရံမီး သတ်တပ်ဖွဲ့ဝင်(၁၃၀)ဦးခန့် လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေအမှတ်(၁၁)ရဲစခန်းက (ပ)၄၈၂ /၂၀၁၇၊ မီးပေါ့ဆစွာ သုံးစွဲမှု ပုဒ်မ ၂၈၅ ဖြင့် တရုတ်နိုင်ငံသားတစ်ဦးအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Written by – MMK

Leave a Reply