မော်လမြိုင်၊ မတ် ၂ ။ ။ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မတ်လ ၁ ရက်နေ့က ရပ်နားထားသော ပိုင်ရှင်မဲ့ မော်တော်ယာဉ် သုံးစီး သိမ်းဆည်းထားခဲ့ကြောင်း ချောင်းဆုံမြို့မရဲစခန်းမှ သိရသည်။

ပိုင်ရှင်မဲ့ မော်တော်ယာဉ်များကို ချောင်းဆုံမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်ရှိ မြင့်မိုရ်တောင်ဘုရားလမ်းဘေးတွင် နံပါတ်မပါ လီမိတက် အမျိုးအစား TOYOTA COROLLA မော်တော်ယာဉ် တစ်စီးအား ပိုင်ရှင်မဲ့ရပ်ထားသည်ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း ချောင်းဆုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထပ်မံ၍ အရှေ့ပိုင်းရပ်ကွက်၊ တေဇဥယျာဉ် ကတ္တရာလမ်းဘေးတွင် နံပါတ်မပါ CRV အမျိုးအစား မော်တော် ယာဉ်တစ်စီးနှင့် ကတောင်စိန်ကျေးရွာ ကတ္တရာလမ်းဘေးတွင် နံပါတ်တပ်ဆင်ထားသည့် MAZDA အမျိုးအစား ခဲရောင် မော်တော်ယာဉ် တစ်စီးကိုလည်း ပိုင်ရှင်မဲ့ရပ်ထားသည်ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသည့် မော်တော်ယာဉ်များနှင့် ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှူးဦးစီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိ ပေးပို့ စိစစ်သွားမည်ဖြစ်ပြီး လိုင်စင်မဲ့ယာဉ်များဖြစ်ပါက ကျင့် ၅၂၃/၅၂၄ နှင့်အညီ နိုင်ငံပိုင် သိ်မ်းဆည်းနိုင်ရေး တရားရုံးတင်ပို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချောင်းဆုံမြို့မရဲစခန်းမှ သိရသည်။

Leave a Reply