ဘီလူးကျွန်းတွင်မွေးမြူထားသော နွားများကို ပြည်ပသို့ ရောင်းချမှုများလျော့နည်းသွားသောကြောင့် ယခုနှစ်အတွင်းနွားဈေးနူန်းများ ကျဆင်းလျက်ရှိကြောင်း အဆိုပါ ဒေသခံများက ဟင်္သာမီဒီယာသို့ပြောကြားသည်။

cow

ဘီလူးကျွန်းဒေသမှနွားများကို ယခင်က မုဒုံ ၊ကျိုက္မရော၊ သံဖြူဇရပ်မြို့နယ်များနှင့်၊ ကရင်ပြည်နယ်မှတစ်ဆင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တရားမဝင်ပို့ဆောင်နေသောကြောင့် နွားဈေးများအလွန် မြင့်တက်ခဲ့ကြောင်း ကော့မုပွန်ကျေးရွာမှ နွားမွေးမြူရောင်းဝယ်သူဦးစိုးဝင်းကဆိုသည်။

“အရင်ကတော့နွားတွေမွေးရတာအကျိုးအမြတ်ရှိတယ်၊ လယ်တွေမှာမွေးရင်းခိုင်းရင်းနဲ့အပိုဝင်ငွေတွေလည်းရတယ်၊ အခုတော့ နွားတွေကိုမွေးထားပြိီးရင်ဝယ်တဲ့လူတွေကိုမျှော်နေရတယ်၊ ဈေးလည်းမကောင်းဘူအရောင်းအဝယ်လည်းအေးနေတယ်”ဟု ကော့မုပွန်ကျေးရွာမှနွားမွေးမြူရောင်းဝယ်သူဦးစိုးဝင်းကဆိုသည်။

ယခင်နှစ်များတွင်မျိုးနွားမတစ်ကောင်လျှင် တစ်ဆယ့်နှစ်သိန်းကျော်ရှိနေရာမှ ယခုနှစ်တွင်ခုနစ်သိန်းဝန်းကျင်နှင့် ခိုင်းနွားများမှာလည်း ယခင်ကသိန်းသုံးဆယ်တန်သောနွားတစ်ယှဉ်လျှင် ယခုအခါ သိန်းနှစ်ဆယ်အောက်ဈေးနှန်းများဖြင့် ရောင်းဝယ်နေရကြောင်း သက္ကောကျေးရွာမှ ဦးထွန်းလှမှပြောသည်။

ချောင်းဆုံမြို့နယ်တွင် နွားဈေးနှုန်းများကျဆင်းနေခြင်း၊ မွေးမြူထိန်းကျောင်းစရိတ်များလည်းကြီးမြင့်နေတို့ကြောင့် ဒေသတွင်းစီးပွားဖြစ်နွားမွေးမြူသူနည်းပါးလာကြောင်း ဒေသခံများထံ မှသိရသည်။

Leave a Reply