Advertisements

ချောင်းဆုံ ၊ ဖေဖေါ်ဝါရီ

ချောင်းဆုံမြို့နယ်တွင် ကျေးရွာအုပ်စု ၄၆ အုပ်စုရှိသည့်အနက် ကျေးရွာအုပ်စု ၄၁ အုပ်စုတွင် ကျေးရွာအုပ်ချုပ် ရေးမှူးများ ပြန်လည်ရွေးချယ်ခဲ့ရာ၌ တာဝန်တစ်ကြိမ်ယူပြီးသား လူဟောင်းအများစုသာ ပြန်လည်ရွေးချယ်ခံထားရပြီး လူသစ် ၁၂ ဦး စတင်တာဝန်ထမ်းရန် နေရာရရှိထားကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူးပြန်ပြီးရွေးချယ်ခဲ့ရာမှာ လူဟောင်းက ၂၉ ယောက် ၊ လူသစ်က ၁၂ယောက်ဆိုတော့ လူဟောင်း ကပြန်လည်ရွေးချယ်ခံထားရတာများတယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော် ကသုံးသပ်ပြော ဆိုသည်။

Advertisements
data-language="en"

ကျေးရွာအုပ်စု ၄၁ အုပ်စုတွင် အုပ်ချုပ်ရေးမှူးများပြန်လည်ရွေးချယ်ခဲ့ရာ၌ ချောင်းဆုံအရှေ့ရပ်ကွက်နှင့် တော်ကနာ ၊ ကွမ်ရိုက် ၊ စော်ကဲ ၊ ကွမ်သဲ၊ အဘစ်၊ ကလော့၊ ဒရယ်၊ သက္ကော၊ ဆယ်ဗလာ၊ ခရိုက်ဒူး၊ ကမာကေးကျေးရွာအုပ်စုတို့တွင် ယခင်က အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်မယူဖူးသေးသော လူသစ်များက ကျေးရွာအုပ်ချုပ်ရေးမှူးနေရာကိုရွေးချယ်ခံထားရကြောင်း အထက်ပါရုံးမှတဆင့်သိရသည်။

“ကျေးရွာအုပ်စု ၄၆ အုပ်စုမှာ ကညှော် ၊ ကရင်ဝင်းစိန်၊ ချောင်းဆုံအနောက်နဲ့ ကော့မုပွန်ကျေးရွာ ၄ ရွာကတတိယ အကြိမ်ပြင်ဆင်တဲ့ ဥပဒေနဲ့အညီလစ်လပ်နေရာကို ပြန်လည်ရွေးချယ်ခဲ့ပြီးဖြစ်တယ်။ ကျေးရွာ ၄၂ အုပ် စုကိုပဲပြန် လည်ရွေးချယ်ရမှာဖြစ်တယ်။ အုပ်ချုပ်ရေးမှူးမရွေးရသေးတဲ့ တလွီတစ်ရွာကလွဲရင် ကျန် ၄၁ ရွာကိုရွေးချယ်ပြီး ဖြစ်တယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော် ကဆိုသည်။

ချောင်းဆုံမြို့မှဒေသခံ ဦးဝင်းနိုင်က “ကျေးရွာအားလုံးနီးပါး မှာ ယခင်က လုပ်ခဲ့တဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲနဲ့မတူတော့ဘူး ။ပြောင်းလဲမှု တွေရှိလာတယ်။ တစ်ဖက်နဲ့တစ်ဖက်အားပြိုင်မှုကလည်းပိုမိုပြင်းထန်လာတယ် ”ဟု ဝေဖန်ပြောဆိုသည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply