မော်လမြိုင် ၊အောက်တိုဘာ ၁၆

ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာတွင် ရှေဟောင်းပစ္စည်းများပြသရန်အတွက် ပြတိုက်တစ်ခုပြုလုပ်ရန် စုဆောင်း ထားသည့် ရှေဟောင်းပစ္စည်းများကို တိုင်းရင်းသားလူမျိုးရေရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က အောက်တိုဘာလ ၁၄ ရက်နေ့တွင်လာရောက်ကြည့်ရှုခဲ့သည်။

“ဘီလူးကျွန်းဒေသတစ်ခုလုံရဲ့ ရှေးဟောင်းပစ္စည် အမွေအနှစ်တွေထားရမယ် အဲ့တာကြောင့် ပြတိုက်တစ်ခုရှိသင့်ပြီး ရှိတဲ့ပစ္စည်းဟောင်းတွေကို ထားသင့်တယ်လို့ ထောက်ခံတယ်ဖြစ်အောင်လဲ ကူညီပံ့ပိုးပေးသွားမယ်”ဟု တိုင်းရင်းသားလူမျိုးရေရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ပြောကြားသည်။

ချောင်းဆုံမြိုနယ် အတွင်းမှာရှိတဲ့ ဒရယ်ကျေးရွာတွင် ယခင်ဒရယ်မြို့ဟောင်းတည်ရှိခဲ့ပြီး ထိုမြို့ဟောင်းနေရာမှရ ရှိသည့် ရှေ့ဟောင်းပစ္စည်များ ဘီလူကျွန်မှတွေရှိခဲ့သည့် ရှေဟောင်းပစ္စည်းများကို ပြတိုက်အဖြင့် ပြုလုပ်ထား သင့်ကြောင်း ၎င်းမှထပ်လောင်ပြောကြားခဲ့သည်။

“အရင်တုန်းကသမိုင်းမှာ ဒရယ်မြို့ဟောင်းတည်ရှိခဲ့တဲ့နေရာလည်ဖြစ်တယ် အမှတ်တစ်ခုအနေနဲ့ပြတိုက်တစ်ခု တည်ဆောက်ချင်တယ် အခုမြေနေရာက အောက်ခြေကနေ ယာထားတဲ့နေရာ သက်ဆိုင်ရာအစိုးရဌာနကနေ တရာဝင်ခွင့်ပြုပေးမှသာလျှင် ဆက်လုပ်လို့ရမယ်”ဟု ချောင်းဆုံမြို့နယ်လွတ်တော်ကိုယ်စာလှယ် ဒေါက်တာ အောင်နိုင်ဦး ကပြောသည်။

ပြတိုက်တည်ဆောက်ရန် အတွက် ဖြစ်မြောက်ရေးကော်မတီဖွဲစည်းပြီး ပြတိုက်ပြုလုပ်ရန်နေရာရရှိဖို့ အတွက် ပြည်နယ်အစိုရထံခွင့်ပြုချက် ဆက်လက်တောင်းခံသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုရှေဟောင်းပစ္စည်းများကိုစုဆောင်းထားသည့် ကိုသိန်းထိုက်မှလည် ဒရယ်ကျေးရွာတွင်ကိုယ်ပိုင်ပြတိုက်တစ်ခု ပြုလုပ်ရန်ဆောင်ရွတ်လျှပ်ရှိပြီးလက်ရှိတွင် ၎င်းနေအိမ်တွင် ရှေဟောင်းပစ္စည်များကိုခင်းကျင်းပြသထားကြောင်း သိရသည်။

စိုင်းထွန်းစံ

Leave a Reply