မော်လမြိုင်၊ ဖေဖော်ဝါရီ ၃ ။ ။ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) သို့ ၆၆ ကေဗွီ မြစ်ကျော်ဓာတ််အားလိုင်း သွယ်တန်းမှုပြီးစီးသွားသော်လည်း လက်ရှိတွင် ချောင်းဆုံမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တွင်သာ လျှပ်စစ်မီးရရှိသေးကြောင်း မွန်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး နိုင်လဝီအောင်က ပြောသည်။

chz-twnship-still-no-eletric

ဘီလူးကျွန်းတွင် ယခင်က မီးစက်ဖြင့် တစ်ရက်လေးနာရီ လျှပ်စစ်မီးပေးထားသော နေရာများကိုလည်း လျှပ်စစ်မီး ပေးနိုင်ခဲ့ပြီး၊ ကျန်ရှိသော အချို့ရွာများအတွက် ကိုယ်ထူကိုယ်ထ ပြုလုပ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

၎င်းရွာများကို ဒီဂျစ်တယ် မီတာဘောက်များ ထုတ်ပေးပြီး ကိုယ့်အစီအစဉ်ဖြင့် မီးလင်းရေးကော်မတီဖွဲ့၍ ပြုလုပ်နေကြကာ လက်ရှိတွင် ခုနှစ်ရွာပြီးစီးသွားပြီးဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“တစ်ချို့က နိုင်ငံတော်ဘတ်ဂျက် စောင့်နေသူတွေရှိတယ်၊ ရွာက နေ့တိုင်းတိုးနေတယ်၊ ဘယ်နှစ်ရွာတိုးမလဲ ဆိုတာကို ဖွင့်ပွဲနေ့လောက်မှသိမယ်၊ မြန်မာပြည်မှာဆို ဟိုတုန်းက ဧရာဝတီတစ်ခါရှိတယ်၊ မြစ်ကျော်တာဝါတိုင် လုပ်တာ၊ အခု ဒုတိယအကြိမ််ဆိုရင် သံလွင်မြစ်ကျော်တာဝါတိုင် တစ်မိုင်ခွဲလောက်ရှိမှာပေါ့၊ ဒါတွေလုပ်ဖို့်ဆိုတာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ကျွမ်းကျင်လုပ်သားတွေက ဒါတွေကို စွန့်စွန့်စားစား လုပ်ပေးရတယ်၊ လွှတ်တော်ကိုယ်စားလှယ်ကိုလည်း ကျေးဇူးတင်ပါတယ်”ဟု နိုင်လဝီအောင်က ပြောသည်။

မွန်ပြည်နယ် ၁၀ မြိို့နယ်ထဲတွင် လျှပ်စစ်မီးမရသည့် မြို့နယ်အဖြစ် ချောင်းဆုံနှင့် ရေးမြို့နယ်တို့သာ ရှိကြောင်း၊ ချောင်းဆုံတွင် လျှပ်စစ်မီးရရှိသည့်အတွက် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာပြီး အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ တိုးတက်လာနိုင်သည့်ဟု ၎င်းက ပြောခဲ့သည်။

Leave a Reply