ချောင်းဆုံ ၊ နိုဝင်ဘာ

ချောင်းဆုံမြို့နယ် ယာဉ်လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီအဖွဲ့၏  လုပ်ဆောင်ချက်များ ပွင့်လင်းမြင်သာမှုမရှိဟုအသင်း ဝင်ယာဉ်လုပ်သား အချို့က သုံးသပ်ပြောဆိုသည်။

တစ်မြို့နယ်လုံးအနေအထားအရ ယာဉ်အစီးရေ ၇၀ဝန်းကျင်ရှိသဖြင့် ယင်းကော်မတီအနေဖြင့် တစ်ရက်ဝင်ငွေခန့်မှန်း ၆၀၀၀၀ ကျပ်ဝန်းကျင်ရရှိမည်ဟု ဆိုနိုင်ကြောင်း၊ သို့ရာတွင်ရရှိသည့် ငွေပမာဏနှင့်စီမံခန့်ခွဲသုံးစွဲမှု အခြေအနေကို ပွင့်လင်းမြင်သာစွာ အသိပေးခြင်းမရှိကြောင်း၊ အကယ်၍ ရန်ပေုံ ငွများနေပါက လက်ရှိကောက်နေဆဲ ဂိတ်ကြေးကိုလျှော့ချကောက်စေလိုကြောင်းရွာလွတ်ကျေးရွာမှ အမည်မဖော်လိုသူ အသင်းဝင်ယာဉ်လုပ်သားတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့မြို့နယ် ယထကမှာ ယာဉ်လိုင်းပြေးဆွဲဖို့ အသင်းဝင်ထားတယ်။ အသင်း ဝင်များတ့အဲ တွက်ယာဉ်လိုင်းပြေးဆွဲတာကိုလည်း လေးရက်၊ ငါးရက်မှ တစ်ရက်အလှည့်ကျပြေးဆွဲကြရတယ်။ ယာဉ်လိုင်းပြေးဆွဲရာမှာ မြို့နယ် ယထက ဂိတ်ကြေးအနေနဲ့ယာဉ်တစ်စီး တစ်ခေါက်ကို ၁၂၀၀ ကျပ်ပေးရတယ်။ တစ်ခါတလေ လူတစ်ယောက်၊ နှစ်ယောက်ပဲပါတဲ့အခါမှာ ယာဉ်လိုင်းပြေးဆွဲရတာ အရှုံးပေါ်နေတယ်”ဟု ရွာလွတ်ကျေးရွာမှ အမည်မဖော်လိုသူ အသင်းဝင်ယာဉ်လုပ်သားတစ်ဦးကဆိုသည်။

မြို့နယ်ယထက အဖွဲ့အနေဖြင့်အသင်းဝင်ယာဉ်လုပ်သား အားလုံးကို မျက်နှာစုံညီအစည်းအဝေး ခေါ်ယူသင့်ကြောင်းနှင့် အသင်းသားများ၏လိုအပ်ချက်၊ တင်ပြချက်များကိုလည်း ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်း ယထက အသင်းဝင်အချို့ကဆန္ဒပြုစကားဆိုသည်။

ချောင်းဆုံမြို့နယ် ယထကအဖွဲ့မှရုံးအဖွဲ့မှူး ဦးရဲဏီလင်းက နေ့စဉ်ဝင်ငွေစာရင်းကိုလည်း စနစ်တကျဆောင်ရွက်ထားရှိကြောင်း၊ လစဉ်လချုပ် ဝင်ငွေ ထွက်ငွေ စာရင်းရှင်းတမ်းကိုပြည်နယ် ယထက နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ အစီရင်ခံတင်ပြရပြီး နှစ်စဉ်အစိုးရ အသိအမှတ်ပြု စာရင်း
စစ်အဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တွင်လည်း စစ်ဆေးခံကြောင်းပြောသည်။

ဝန်ထမ်းလစာအပြင် ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအကျိုးပြုလုပ်ငန်းများတွင်လည်း ငွေကြေးသုံးစွဲမှုကို သတ်မှတ်စည်းကမ်းနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း  ၊အသင်း ဝင်ယာဉ်လုပ်သားများ အနေဖြင့် အမြင်မရှင်းပါက မည်သူမဆို မြို့နယ်ယထကရုံးတွင် လာရောက်မေးမြန်း ကြည့်ရှုနိုင်ကြောင်း ၎င်းက တုံ့ပြန်ပြောကြားခဲ့သည်။

Written by – လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply