Advertisements

ချောင်းဆုံ ဇန်နဝါရီ ၃၀

ချောင်းဆုံမြို့နယ်ရှိကျေးရွာအချို့တွင် မြေနေရာအခက်အခဲများကြောင့် အမှိုက်စွန့်ပစ်ရန်အတွက် အတည် တကျသတ်မှတ်ထားနိုင်ခြင်းမရှိ၍ လမ်းဘေးနှင့် ရေမြောင်းများ ၊ ချိုင့်ခွက်များတွင် အမှိုက်စွန့်ပစ်နေကြကြောင်း သိရသည်။

“အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ကျေးရွာကြီးတွေမှာပိုပြီးအခက်အခဲရှိတယ် ။ အမှိုက်ပုံကလူနေအိမ်ခြေ ၊ ရေတွင်း ၊ ရေကန်တွေနဲ့လည်းနီးလို့မဖြစ်ဘူးဆိုတော့အချို့ကမြေနေရာရှိရင်လည်းလုပ်ကိုင်ရအဆင် မပြေ ဘူးဖြစ်နေတယ် ။ ကျေးရွာအတွက်အမှိုက်ကျင်းကမဖြစ်မနေလိုအပ်တဲ့အတွက်သင့်တော်တဲ့မြေနေရာ တစ်ခု ရွေးချယ်ပြီး ကျေးရွာအမှိုက်ကျင်းလုပ်ဖို့စီစဉ်နေဆဲဖြစ်တယ်”ဟုကညှော်ကျေးရွာနေသူ ရပ်မိရပ်ဖ ဦးလှထွန်းက ဆိုသည်။

Advertisements
data-language="en"

မုဒွန်းကျေးရွာခံ ဦးအောင်နေစိုးကလည်း ကျေးရွာတွင်အမှိုက်သိမ်းဆည်းပေးသောပရဟိတအဖွဲ့များရှိသော် လည်း အမှိုက်ကျင်းအတွက်မြေနေရာအတည်တကျမရှိ၍ အမှိုက်များကိုသိမ်းဆည်းပြီး မီးရှို့ဖျက်ဆီးနေရကြောင်း၊ အမှိုက်ကျင်းအတွက်သင့်တော်သည့်မြေနေရာကိုရှာဖွေနေကြောင်းပြောသည်။

“ရွာတွေမှာအမှိုက်စွန့်ပစ်ဖို့ အခက်အခဲတွေရှိနေတာကိုကြားသိနေရတယ် ။အရင်အစိုးရလက်ထက်ကတစ်ကျွန်း လုံးကို စည်ပင်သာယာရေးနယ်နိမိတ်ဖြစ်ဖို့အစီအစဉ်ရှိခဲ့တယ် ။လူထုဗဟိုပြုစီမံကိန်းတွေရှိတော့ အခြေအနေက ပြောင်းသွားတယ် ၊မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်ဧရိယာထဲပါဝင်လာရင်တော့ပြည်သူတွေက အခွန်အခ ပေးရမယ် ၊ ဌာနကလမ်းတံတား ၊ ရေ ၊ မီး ၊ အမှိုက်သိမ်းဆည်းတာကအစတာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ် တယ်”ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဟောင်း ဦးခင်မောင်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက် ၃ ခုကိုသာအမှိုက်များသိမ်းဆည်းပေးနေ ကြောင်း၊ နောက်ပိုင်းတွင်စည်ပင်နယ်နိမိတ် တိုးချဲ့သတ်မှတ်နိုင်မည်ဆို ပါက အမှိုက်သိမ်းဆည်းရှင်းလင်းရေးအစီအစဉ်ပါ တိုးမြှင့်ပေးရန် ရှိနေသည်ဟု သိရကြောင်း ၎င်းက ဆက်လက်ပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply