ချောင်းဆုံ ဖေဖော်ဝါရီ ၂၀

ဘီလူးကျွန်းဒေသ ချောင်းဆုံမြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို တောင်စွန်းကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီ ၂၀ ရက်နံနက်ပိုင်းက ကျင်းပခဲ့သည်။

ယင်းကျေးရွာ ရပ်ကွက်(၈) သဒ္ဓမ္မဓဇစာသင်တိုက်ကျောင်းဝင်းအရှေ့တွင် ပြုလုပ်သည့် အဆိုပါအခမ်းအနားတွင် မွန်အမျိုးသားအလံ လွှင့်တင်ခြင်း ၊ မွန်အမျိုးသားသီချင်း သံပြိုင်ဟစ်ကြွေးသီဆိုခြင်း၊ အလံတော်ကို အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း စသည့် အစီအစဉ်များ ပါဝင်ခဲ့ကြောင်း တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ချိန်က ဆိုသည်။

အခမ်းအနားသို့ လူအင်အား ၁၃၀၀၀ ကျော် တက်ရောက် ဆင်နွှဲခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။ ယင်းအပြင် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော် နှင့်ဌာန ဆိုင်ရာများလည်းတက်ရောက်ခဲ့ကြသည်။

မွန်အမျိုးသားနေ့အခမ်းအနားကို ၃ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း၊ မွန်ရိုးရာအက အလှများ နှင့်သီဆိုဖျော်ဖြေမှုများ ၊ ကျဘမ်းစကားပြောပြိုင်ပွဲ ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ များလည်းပါဝင်ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် သဘာပတိ ဦးနိုင်စိန်ထွန်းမှအဖွင့်အမှာစကားပြောကြားခြင်း ၊ မွန်အမျိုးသားနေ့ဖြစ် မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးရွှေရင် နှင့် မွန်စာပေ ၊ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးနိုင်ထွန်းရှင် တို့ကမွန်အမျိုး သားနေ့ကျင်းပရခြင်းရည်ရွယ်ချက်၊ မွန်စာပေယဉ်ကျေးမှုနှင့်ပတ်သက်၍ မိန့်ခွန်း ပြောကြားခြင်း ၊ မွန်အမျိုး သားနေ့မြေစိုက်ပိုစတာအကြောင်း ကော်မတီဝင်ဦးနိုင်ညီညီကရှင်းလင်းပြောကြားခြင်း

မွန်ပြည်နယ်ဒုတိယ လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက မွန်အမျိုးသားနေ့အောင်မြင်စွာကျင်းပနိုင်ခြင်းအတွက် ဂုဏ်ပြု စကားပြောကြားခြင်း၊ မွန်စာပေ ရေးဖြေ စာမေးပွဲအောင်မြင်သည့်မွန်ကျောင်းသား/သူများအား အောင်လက် မှတ်ချီးမြှင့်ခြင်း စသည့် အစီအစဉ်များလည်း ဆင်ယင်ခဲ့ကြောင်း အခမ်းအနား တက်ရောက်ခဲ့သူ ဒေသခံဦးမောင်က ဆိုသည်။

“တောင်စွန်းကျေးရွာအခမ်းအနားပြီးရင် လာမည့်နှစ်မှာ ၇၃ ကြိမ် မြောက်မွန်အမျိုးသားနေ့အခမ်းအနားကိုညောင်လန်းကျေးရွာကတာဝန်ယူကျင်းပဖို့ရှိတယ် ။ မွန်အမျိုးသားနေ့ အထိမ်းအမှတ်အလံကိုလည်း ညောင်လန်းကျေးရွာက လွှဲပြောင်း လက်ခံ ရယူသွားပြီဖြစ်တယ်”ဟု တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ချိန်က ပြောသည်။

( ပုံစာ –  ပွဲမကျင်းပမီ လွန်ခဲ့သော သီတင်းပတ် နှစ်ပတ်ကျော်က မြင်တွေ့ရသော တောင်စွန်းကျေးရွာအဝင်။)

လွတ်လပ်မောင်(ယက္ခမြေ)

1 comment:

Leave a Reply