ချောင်းဆုံ သြဂုတ် ၃၀

ချောင်းဆုံမြို့မဈေးတည်ဆောက်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်ပြီးနေပြီဖြစ်ကြောင်းနှင့် ဈေးလုပ်ငန်း များအားလုံးပြီးစီးပါကအမြန်ဆုံးအသုံးပြုနိုင်ရန်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းချောင်းဆုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှသိရသည်။

“မြို့မဈေးဆောက်လုပ်ခြင်းလုပ်ငန်းကတော့ ၉၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်တယ် ၊ ဈေးအရှေ့အုတ်စီရေ မြောင်းနဲ့ အိမ်သာလုပ်ငန်းတွေပြီးရင်လုပ်ငန်းအားလုံးပြီးသလောက်ဖြစ်နေပါပြီ”ဟု မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှအင်ဂျင်နီယာ ဦးဝင်းကိုဦးကပြောသည်။

အဆိုပါဈေးတွင် ၇ ပေပတ်လည် းအကျယ် ဆိုင်ခန်းပေါင်း ၅၄ ခန်းပါဝင်ပြီး အောက်တိုဘာလအတွင်းတွင်စတင်အသုံး ပြုနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

ချောင်းဆုံမြို့မဈေးတည်ဆောက်ခြင်းလုပ်ငန်း ၁၁၉ ပေ× ၃၅ ပေ Steel Structure ကို ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ်စည်ပင်သာယာရေးအဖွဲ့၏ခွင့်ပြုရန်ပုံငွေကျပ် ၅၈ ဒသမ ၂ သန်းဖြင့်ထွန်းဇဗ္ဗူကျော်ကုမ္ပဏီလီမိတက်က တာဝန်ယူဆောင်ရွက်နေကြောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ကတစ်ဆင့်သိရသည်။

ချောင်းဆုံမြို့တွင်မြို့မအမှတ်(၁)ဈေးနှင့် ၊ မြို့မအမှတ်(၂) ဈေး ၂ ခုရှိပြီး ယခုဆောက်လုပ်နေသည့်အမှတ်(၁) ဈေးမှာချောင်းဆုံအနောက်ရပ်ကွက်တွင်ရှိသည်။ ဈေးဧရိယာမှာကျဉ်းမြောင်း၍ အနံ့ဆိုးများကို ရပ် ကွက်ကခံနေရကြောင်း ဈေးသစ်ဆောက်လုပ်ခြင်းလုပ်ငန်းတွင်ရေဆိုးစွန့်ပစ်သည့်စနစ်လည်းပါဝင်စေလို ကြောင်း ယင်းရပ်ကွက်နေ ဦးညီ ကဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply