မော်လမြိုင် ၊ မတ်လ ၁၁ ။ ။ မွန်ပြည်နယ် ဘီလူးကျွန်းရှိ ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာနေ ဒေသခံ လူငယ် များ အတွက် နိုင်ငံရေး အသိပညာပေး သင်တန်းကို မတ်လ ၁၁ရက်နေ့မှ စတင် ဖွင့်လှစ်လျက်ရှိကြောင်း မွန်လူငယ် အဖွဲ့ ခေါင်းဆောင် မင်းနေမျိုးနိုင်က ပြောကြားသည်။

CCCC

အဆိုပါ သင်တန်းကို မတ်လ ၁၁ရက်နေ့မှ မတ်လ ၁၃ရက်နေ့အထိ ရွာလွတ် ကျေးရွာရှိ ရွာဦးစေတီဘုန်းကြီး ကျောင်းတွင် သင်ကြားပို့ချပေးလျက်ရှိကြောင်း ၎င်းကပြောသည်။

“ဒေသခံတွေကို နိုင်ငံရေး အသိပညာတွေ သင်ပေးချင်တယ်၊ တတ်အောင်လည်းသင်ရမယ်၊နိုင်ငံရေးအဖွဲ့
အစည်းတွေနဲ့ပတ်သက်တဲ့ အလုပ်တွေလုပ်တတ်အောင် သင်ကြားပေးမယ်၊ ဘာလို့လဲဆိုတော့ မွန်လူငယ်တွေ
နိုင်ငံရေးလောကထဲမှာ ဒီထက်ပိုပြီး ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီးတော့ သင်တန်းပို့ချရတာဖြစ်တယ် ”ဟု
နေမျိုးနိုင် က ရှင်းပြသည်။

ဒေသခံများကို မြန်မာနိုင်ငံရေးနှင့် ပက်သက်သည့် သိသင့်သိထိုက်သည့် အချက်အလက်များနှင့်
၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေများကို သိရှိနားလည် စေရန် ၊ လူ့အခွင့်အရေး ပြဋ္ဌာန်းချက်များနှင့်ပက်သက်ပြီး
သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း အဆိုပါ သင်တန်းပို့ချသူ စံပြလူထု အခြေပြုဖွင့်ဖြိုးရေး အဖွဲ့ ဒါရိုက်တာ နိုင်ဝင်းဇော်ကပြောသည်။

“သင်တန်းတက်တာ ၊ ဗဟုသုတလည်း ရတယ်၊ တခြားလူငယ်တွေကိုလည်း တက်စေချင်တယ်၊ တစ်ချို့
ကျတော့ သင်တန်းတက်ရမှာကြောက်တယ်၊ တစ်ချို့ကကျတော့လည်း အိမ်ကမလွှတ်ဘူး၊ ဒီသင်တနး်
တက်ဖို့အတွက်ကို တစ်ခြားလူငယ်တွေကိုလည်း ရှင်းပြတယ်၊ သို့သော် မတက်ကြဘူး”ဟု သင်တန်းသူ မိချောစုမွန်က ပြောသည်။

အဆိုပါ သင်တန်းကို မွန်လူငယ်အဖွဲ့၊ စံပြလူထု အခြေပြုဖွံ့ဖြိုးရေးအဖွဲ့၊ ရွာဦးစေတီကျောင်း ဆရာတော်တို့
က ဦးဆောင်ပြုလုပ် ခြင်းဖြစ်ပြီး ဒေသခံ စုစုပေါင်း ၂၄ဦး တက်ရောက်ခဲ့သည်။

Leave a Reply