မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၀ ။ ။ သံလွင် မြစ်ကို ဖြတ်ကျော် ကာ ဆောက်လုပ်သော ၆၆ကေဗွီ ဓာတ်အားလိုုင်းကြောင့် ချောင်းဆုံမြို့နယ် အပါ အဝင် ဘီလူးကျွန်း ပေါ်ရှိ ကျေးရွာပေါင်း ၃၅ရွာကို ၂၄နာရီ လျှပ်စစ် ဓာတ်အား စတင် ပေးနိုင်တော့မည် ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြောကြားသည်။

choung-sone

ဖေဖော်ဝါရီလ ၂၀ရက်နေ့က နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် တက်ရောက် ဖွင့်လှစ်ခဲ့သည့် မော်လမြိုင် ချောင်းဆုံ ဓာတ်အားလိုင်း ဖွင့်ပွဲအခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီဓာတ်အားပေးလိုင်း ကို သမ္မတကြီးရဲ့ ညွှန်ကြားမှုနဲ့အတူ ဒီသက်တမ်း မကုန်ဆုံးခင်မှာ ဖွင့်လှစ်နို်င်ခဲ့ တယ်၊ချောင်းဆုံမြို့က ရွာတွေကို ဒီနေ့မှစပြီး ပြည့်ပြည့် ၀၀ လျှပ်စစ်မီးပေးနို်င်တော့မှာဖြစ်ပါတယ်၊”ဟု ဦးအုန်းမြင့်က ပြောကြားသည်။

ပြီးခဲ့သည့်အစိုးရသက်တမ်း ငါးနှစ်တာကာလအတွင်း မွန်ပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျ သည့် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးကို အလေးထားဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ယခင်က ချောင်းဆုံမြို့ပေါ်အပါအဝင် ဘီလူးကျွန်းရှိ ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ခြင်း
မရှိခဲ့သည့်အတွက် ကျေးရွာပေါင်း ၁၁ရွာခန့်မှ မီးသုံးစွဲသူ ၁၇၄၀ခန့်ကို ဒီဇယ်မီးစက်ဖြင့် တစ်ရက်လျှင်
လေးနာရီခန့်သာ မီးပေးနိုင်ခဲ့ကြောင်း ဦးအုန်းမြင့်ကပြောသည်။

ယင်း စီမံကိန်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ဓာတ်အားပေး အူကြောင်း ရှာဖွေခြင်းလုပ်ငန်းများ
ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ဇန်နဝါရီ်လ ၁၈ရက်နေ့တွင် ချောင်းဆုံမြို့ပေါ်နှင့် ရွာလေးရွာကို သာစတင်ဖြန့်ဖြူးနိုင်ခဲ့ ကာလက်ရှိ အချိန်တွင် ကျန်ရှိနေသည့်ကျေးရွာများကို လျှပ်စစ်မီးပေးနိုင်တော့ မည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးကပြော သည်။

“ကျွန်တော် တို့ကျေးရွာက အိမ်တွေ မီးလင်းဖို့အတွက် ငွေ လေးသိန်းကျော်မှ အိမ်မှာမီးရမယ်၊ ကျွန်တော်တို့
က လက်လုပ်လက်စားတွေ များတယ်၊ အိမ် တစ်ထောင်မှာ ဆိုရင် သုံးရာလောက်သာ အစိုးရကပေးတဲ့
မီးကို ယူနိုင်တယ်၊ အဲ့တော့ ကျွန်တော်တို့မီးရရှိဖို့အခက်အခဲရှိတယ်”ဟု ကမာကေးကျေးရွာမှ ဒေသခံတစ်ဦးက
ဟင်္သာမီဒီယာ သို့ပြောသည်။

မော်လမြိုင်-ချောင်းဆုံ ဓာတ်အားလိုင်း စီမံကိန်း ကို တန်ဖိုးကျပ်သန်းပေါင်း ၁၂၀၂၄၆၈၇ ကျပ် ကုန်ကျခဲ့ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှသိရသည်။

Leave a Reply