ချောင်းဆုံ မေ

ချောင်းဆုံမြို့နယ်မှဒေသခံ ၆၃၈ ဦးကို မွန်ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယာဉ်မောင်းလိုင်စင် (က) (မော်တော်ဆိုင်ကယ်) လာရောက်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

“ပြည်နယ်ကညန ကမေလ ၁၁ ရက်နေ့မှာ ချောင်းဆုံမြို့နယ်ကျွန်းသာယာခန်းမမှာ ဒေသခံ ၅၈၈ ဦးကိုဆိုင် ကယ်ယာဉ်မောင်းလိုင်စင်လာရောက်လုပ်ပေးခဲ့တယ် ။ မေလ ၁၃ ရက်နေ့မှာ ချောင်းဆုံ အထကမှာဒေသ ကဆရာ၊ ဆရာမ ၅၀ ဦးကိုလုပ်ပေးခဲ့တယ်စုစု ​ပေါင်း ဒေသခံ ၆၃၈ ဦးကိုယာဉ်မောင်းလိုင်စင်လာရောက်လုပ်ပေး ခဲ့တယ်”ဟုချောင်းဆုံမြို့နယ်ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီကရုံးအဖွဲ့မှူး ဦးရဲဏီလင်းက ပြောသည်။

ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ပြုလုပ်ရာတွင်လူတစ်ဦးလျှင် ကျပ် ၂၉၅၀၀ ကုန်ကျကြောင်းနှင့် ပြည်နယ်ကညနက ဒေသတွင်လာ ရောက်ပြုလုပ်ပေးသည့်အတွက် အချိန်ကုန်လူပမ်း သက်သာကြောင်း ဆိုင်ကယ်ယာဉ်မောင်း လိုင်စင်ပြုလုပ်ခဲ့သူ ဦးလွင်ကဆိုသည်။

“ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးတဲ့အပြင် ကား ၇၃ စီး ၊ ထော်လာဂျီ ၃၆ စီး ၊ ၃ ဘီး ၁၃ စီးတို့ကိုလည်း ပြည်နယ်ကညန က ယာဉ်သက်တမ်းတိုးတာတွေလည်းလုပ်ပေးခဲ့တယ်”ဟု ချောင်းဆုံမြို့နယ်ယာဉ်လုပ်ငန်း များထိန်းသိမ်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းကဆိုသည်။

ချောင်းဆုံမြို့နယ်မှ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်မလုပ်ရသေးသူများကျန်ရှိက ၁၂ လပိုင်းတွင်ဒေသကို ထပ်မံ၍ လာရောက်လုပ်ဆောင်ပေးနိုင်ရန်လည်းမွန်ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူများနှင့်ညှိနှိုင်းထားပြီးဖြစ်ကြောင်း နှင့် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ကြည်မြ ၊ ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်နှင့် ချောင်းဆုံမြို့မရဲစခန်းမှူး ဒုရဲမှူး တင်ထွန်းတို့လည်း ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်လုပ်ပေးသည့် အခမ်းအနားသို့တက်ရောက်ခဲ့ကြောင်း၎င်းကဆက်လက်ပြော သည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply