ချဲထီ လောင်းကစားသူ တစ်ဦး ဖမ်းမိ

ချဲထီလောင်းကစားသူ (အင်္ကျ ီအနီဖြင့်)၏ နေအိမ်တွင် ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေနေစဉ်။

မော်လမြိုင် ဇန်နဝါရီ

မော်လမြိုင်မြို့တွင် ချဲထီ လောင်းကစားသူ တစ်ဦးကို ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၁ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

သီရိမြိုင်ရပ်ကွက်နေ မျိုးမြင့်ကျော် (ခ) ဟာဘီ(၂၅ နှစ်)၏ နေအိမ်သို့ မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မျိုးမြင့်ကျော်ရဲ့ နေအိမ်မှာ လောင်းကစားပြုလုပ်နေတယ်ဆိုပြီး သတင်းရလို့ ဝင်ရောက်ရှာဖွေတဲ့အချိန်မှာ မျိုးမြင့်ကျော်ကို နေအိမ်ဧည့်ခန်းမှာ တွေ့ရှိခဲ့ရပြီး သူ့အရှေ့မှာရှိတဲ့ သစ်သားစားပဲွဲခုံအပေါ်မှာ နှစ်လုံး သုံးလုံး ခဲျထီ ဂဏန်းတွေနဲ့ ငွေတန်ဖိုးတွေ ရေးသားထားတဲ့ ဘောင်ချာစာအုပ် ဖြတ်ပိုင်းတွေ၊ လောင်းကစားပြုလုပ်တဲ့နေရာမှာ အသုံးပြုတဲ့ လောင်းကစားဆက်စပ်ပစ္စည်းတွေအပြင် လောင်းကြေးငွေစက္ကူ ၁၁၂,၀၀၀ ကျပ်ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့တာ” ဟု မုပွန်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဟင်္သာသို့ ပြောသည်။

သို့ဖြစ်၍ မျိုးမြင့်ကျော်ကို မုပွန်နယ်မြေရဲစခန်းမှ (ပ) ၃၇/ ၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅ (က)/ ၁၆ (က) အရ အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.