Advertisements

ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးဝါးလာလာတဲ့ ချဲလ်ဆီးအသင်းဟာ အသင်းနည်းပြကွန်တီနေရာမှာ အစားထိုးအတွက် ထိပ်တန်းနည်းပြတစ်ဦးကို လျှို့ဝှက်စွာရှာဖွေနေတယ်လို့ သတင်းတွေက ဆက်တိုက်ထွက်ပေါ်လာပါတယ်။

အဆိုပါနည်းပြနေရာအတွက် ချဲလ်ဆီးအသင်းဟာ အီတလီစီးရီးအေမှာ နာပိုလီအသင်းကို ထိပ်ဆုံးနေရာက စွမ်းဆောင်မှုပေးခဲ့တဲ့ နည်းပြမာယူရီဇီရို ဆာရီကို မြင့်မားတဲ့လုပ်ခလစာနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့လည်း သိရပါတယ်။

ချဲလ်ဆီးနည်းပြ ကွန်တီဟာ ပြီးခဲ့တဲ့ရာသီမှာ ချဲလ်ဆီးအသင်းကို ပရီးမီီီီီီီီးယာလိဒ်ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် လက်ရှိဘောလုံးရာသီမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီး ချဲလ်ဆီးအသင်းရဲ့ ဘုတ်အဖွဲ့ဝင်ဒါရိုက်တာတွေနဲ့ အဆင်မပြေမှုတွေ မကြာခဏဖြစ်ပွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင် အီဗရာမိုဗစ်ချ်ကတော့နည်းပြကွန်တီရဲ့အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး ဒီရာသီကုန်ဆုံးချိန်မှာ ကွန်တီကို ချဲလ်ဆီးအသင်းကနေ ထုတ်ပယ်ဖို့ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေကလည်း ပြောဆိုပါတယ်။

ပြီးခဲ့တဲ့၁၅နှစ်အတွင်းမှာ ချဲလ်ဆီးအသင်းဟာ နည်းပြစုစုပေါင်း ၁၀ဦးအထိ ပြောင်းလဲခန့်အပ်ခဲ့ပြီး ကွန်တီရဲ့ချဲလ်ဆီးအသင်းဟာ ဒီနှစ်ပရီးမီးယားလိဂ်မှာ ရမှတ် ၅၃ မှတ်နဲ့ အဆင့် ၅နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

Ref:The Sun

Advertisements
<

Leave a Reply