ခင်နှင်းဝေ/Myanmar Now
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော်တွင်းဆွေးနွေးနေမှုများကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် မန္တလေးတိုင်း ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့တွင် လူအင်အားထောင်ချီကာ ယနေ့ နံနက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဟောပြောပွဲ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကဗျာဆရာ ထွဏ်သွေးအိမ် က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးခွင့်ရှိသူ၏ ၉၂ ရာခိုင်နှုန်း ထောက်ခံသည်ဆိုသည်မှာ မဖြစ်နိုင်ဟုဆိုသည်။
“အဲဒီခေတ်ကာလတုန်းကရယ်ရတယ်။ ပြည်သူလူထုက ၉၂ရာခိုင်နှုန်း ထောက်ခံတာတဲ့။ ဘာမှမဟုတ်ဘူး။ သူတို့ဖာသာ တံခါးပိတ်ပြီးခေါင်းခြင်းဆိုင်ဆွဲခဲ့တဲ့ ဥပဒေပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါပွဲတွင် တပ်မတော်အရာရှိဟောင်းဦးနေမျိုးဇင်၊ ကဗျာဆရာထွဏ်းသွေးအိမ်၊ စာရေးဆရာဉာဏ်လှိုင်တို့က ၂၀၀၈ဖွဲ့စည်းပုံ နှင့်ပတ်သတ်ပြီးဟောပြောခဲ့ကြသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လူ၂၀၀၀ ကျော်၏ လက်မှတ်လည်း ကောက်ခံရရှိထားကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။
ခင်နှင်းဝေ/Myanmar Now