ထားဝယ် ဧပြီ ၅

ထားဝယ်မြို့တွင် ဧပြီ၅ရက် ညနေပိုင်းက ပြုလုပ်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ တက်ရောက်အားပေးခဲ့သည်။

ထားဝယ်ဒေသခံ ၁၀၀၀ ခန့်က ရွှေဝယ်သီရိ အားကစားကွင်း၌ ကနဦး စုဝေးပြီး မြို့တွင်းသို့ ယာ ဉ်များ၊ ဆိုင်ကယ်များဖြင့်ရော ခြေလျင်ပါ ချီတက်ခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော် ​ဘေး ဟစ်တိုင်ကွင်းတွင် အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင် သီဆိုဖွင့်လှစ်ခဲ့သည်။

ကြွေးကြော်သံများကိုလည်း ကြွေးကြော်ခဲ့ပြီး ယင်းနောက် ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် စာရေးဆရာ ထင်လင်းဦးတို့က ခြေဥ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဟောပြောခဲ့သည်။

 

တင့်လွင်

Leave a Reply