Advertisements

မော်လမြိုင် မတ် ၈

မော်လမြိုင်မြို့ ငွေမိုးဟိုတယ်ခန်းမတွင် မတ်လ ၈ ရက် နံနက် ၉ နာရီက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို “ခွင့်တူညီရေး စဉ်းစားလို့ စွမ်းရည်မြှင့်ရေး အလေးပေးဖို့၊ ပြောင်းလဲမှုကို ဖန်တီးစို့”ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားကျင်းပရခြင်းမှာ အမျိုးသမီးများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရန်၊ စွမ်းဆောင်ရည်များပိုမို မြင့်မားလာစေရန်၊ အောင်မြင်မှုကို အသိအမှတ်ပြုရန်၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ ပြဿနာများကို ပူးပေါင်း ရေရှည်ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက ပြောသည်။

ထို့နောက် နိုင်ငံလူဦးရေ ထက်ဝက်ကျော်ရှိသည့် အမျိုးသမီးများ၏ လူနေမှုဘဝ အဆင့် မြင့်သည်ထက်မြင့်အောင် ဆောင်ရွက်ကြရန် မြန်မာနိုင်ငံသား အားလုံးတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျင်းပခဲ့သည်မှာ ၁၀၈ ကြိမ်မြောက်ရှိပြီဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသား ရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ် ခရိုင် အမျိုးသမီး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

တေဇ

Advertisements
<

Leave a Reply