မော်လမြိုင်၊ မေ

သထုံမြို့နယ်တရားရုံးမှ ဖမ်းဝရမ်းထုတ်ထားသော ခွန်တန်အပါအဝင် ခုနစ်ဦးအနက် အလံတစ်ရာနယ်မြေ၊ ဗုဒ္ဓသစ္စာရပ်ကွက်ရှိ ဦးအောင်ခင် ၏ နေအိမ်ကို သထုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဝရမ်းအတည်ပြုရန် သွားရောက်စစ်
ဆေးဆောင်ရွက်ခဲ့ကြောင်း ယင်းစခန်းမှူး ဒုရဲမှူး မောင်မောင်က ဆိုသည်။

“ခွန်တန်အပါဝင် ခုနစ်ဦးကို တရားရုံးတော်ကနေ ၃၆၃ (လူခိုးမှု) နဲ့ ဖမ်းဝရမ်း ထုတ်ထားတယ်။ အခု ဦးအောင်ခင်တို့ကို ခွန်တန်အမှုနဲ့ဖမ်းဝရမ်း ထုတ်ထားတာရှိတယ်။ တရားရုံးက ဖမ်းဝရမ်းကို အတည်သွားပြုတာပါ။ ရဲကတော့ ရှိရင်တော့ ဖမ်းမှာ” ဟု ရဲစခန်းမှူးက ပြောသည်။

အဆိုပါ ခွန်တန်အပါအဝင် ခုနစ်ဦး၏ နေအိမ်များကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိ ၎င်းင်းတို့ ခုနစ်ဦးကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲထွက် ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သထုံမြို့မရဲစခန်းမှ ရဲအုပ်ဆန်းဦးက ပြောဆိုသည်။

“ဒီနေ့ ၁၂ နာရီလောက်က ကျွန်မတို့ရွာက ဦးအောင်ခင်တို့နေအိမ်ကို ကားအဖြူနှစ်စီးနဲ့ လူ၁၀ ယောက်လောက် လာဝိုင်းတယ်။ လက်ထိပ်တွေနဲ့ နယ်ထိန်းလို့ပြောတယ်။ အရပ်ဝတ်တွေနဲ့” ဟုအလံတစ်ရာနယ်မြေမှ မနန်းသီတာက ပြောသည်။

ခွန်တန်နှင့် အပေါင်းပါများကို သထုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မများဖြစ်သည့် ပြစ်မှု ကျူးလွန်ရာတွင် အားပေးကူညီမှု ပုဒ်မ ၁၁၄ ၊ လူခိုးမှု ပုဒ်မ ၃၆၃၊ အတင်းအဓမ္မထိမ်းမြားပေးစားခြင်း ပုဒ်မ ၃၆၆ တို့ဖြင့် ၂၀၁၇ နှောင်းပိုင်းက အမှုဖွင့် အရေးယူထားသည်။

ခေတ်မင်း

Leave a Reply