ရန်ကုန်၊ အောက်တိုဘာ ၂၅ ။ ။ ကလေးငယ်များ စိတ်အပန်းဖြေစေရေးကို ဗန်းပြပြီး လောင်းကစားခြင်းကို အကြီးအကျယ် ဆောင်ရွက် နေသော ဂိန်းဆိုင်များကို အကာကွယ်ပေးနေသည့် အစိုးရ ဝန်ထမ်းများကို လောင်းကစား ဥပဒေ နှင့် အရေးယူရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှသိရသည်။

logo-copy

ရန်ကုန်မြို့တော်တွင် လောင်းကစားမှုများကို ခွင့်ပြုထားခြင်းမရှိဟု ဆိုသည့်တိုင် မြို့လယ်ခေါင်၌ ဖွင့်လှစ်ထားသည့် ဂိမ်းဆိုင်ကြီးအချို့တွင် ပိုက်ဆံထုပ်ပိုက်ပြီး ဝင်ထွက်သွားလာနေသည့် အသက်အရွယ်ကြီးငယ်မရွေး အတွက်မူ ဖြစ်ရိုးဖြစ်စဉ် တစ်ခုကဲ့သို့ မထူးဆန်တော့ပေ။

သို့သော်လည်း ယင်းကိစ္စရပ် တွင် အုပ်ချုပ်ရေးဝန်ထမ်းများ ပါဝင်ပတ်သတ်မှု ရှိမရှိ နှင့် ပတ်သက်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး တင်အောင်ထွန်းက “ကျွန်တော်တို့ လောင်းကစားအက်ဥပဒေ ပုဒ်မ ၉ ( က ) အရ ပါဝင်ပတ်သက်နေတယ်လို့ စိစစ်တွေ့ရှိပါက ထောင်ဒဏ် ရောငွေဒဏ်နဲ့ပါ အရေးယူမှာပါ” ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၂၅ ရက်နေ့က ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး တွင် သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်၏ ဂိမ်းဆိုင်များတွင် လောင်းကစားမှု များ ဖြစ်ပွားနေခြင်းကို ထိန်းသိမ်းဆောင်ရွက်မည့် အစီစဉ်နှင့် ပတ်သက်ပြီး မေးမြန်းရာ ဗိုလ်မှူးကြီးတင်အောင်ထွန်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

“ဒါနဲ့ပတ်သက်ပြီး ဥပဒေနဲ့မညီတာတွေ့ရင်သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ကိုသတင်းပေးပို့ သူတို့ကမဖမ်းသေးဘူးဆိုရင်ကျွန်တော့်ကိ်ုပြောပါ၊ ကျွန်တော်ချက်ချင်းအရေးယူမယ် ” ဟု၄င်းကဆက် လက်ပြောကြားသည်။

ယင်း ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခရိုင်မှူ းလေးဦး မြို့နယ်ရဲမှူ း ၄၄ ဦး ကိုလည်းကောင်း ခရိုင်အုပ်ချုပ်ရေးမှူ းလေးဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူ း ၄၄ ဦးတို့ကိုလည်းကောင်း ခေါ်ယူ အသိပေးပြောပြထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံမှသိရသည်။

Leave a Reply