Advertisements

ဒါရိုက်တာကိုပေါက်က မြင့်မြတ်ကို ” ဗိုလ်အောင်ဒင်ချစ်သောမိန်းမများ” တွင် “ဂျင်းကောင်” အဖြစ် ဖန်တီးနိုင်ခဲ့သည် ။ ထိုဗွီဒီယိုဇာတ်ကားထဲမှ စကားလုံးများ ပရိသတ်ကြားထဲ ချက်ချင်းပျ ံ့နှံ့သွားခဲ့ပြီး ယခုအထိအောင်မြင်ဆဲဖြစ်သည်။ ထို့ကြောင့်ကိုပေါက်က “ဂျင်းကောင်”ကိုရုပ်ရှင်ကားကြီးအဖြစ် ဖန်တီးတော့မည်ဖြစ်သည်။ “ဂျင်းကောင်ကစီစဉ်ပြီးပါပြီ၊ ဖန်တီးတော့မှာပါ။ မင်းသားကမြင့်မြတ်၊ မင်းသမီးနဲ့ ကျန်တာတွေကတော့ အပြောင်းအလဲအကုန်ရှိမှာပါ” ဟု ကိုပေါက်ကဆိုသည်။

ဗွီဒီယိုတွက်နာမည်ကြီးပြီးမှ ရုပ်ရှင်တွင်ထပ်လုပ်ခြင်း၌ အခက်အခဲရှိမရှိ ဟုဆိုရာတွင် ကိုပေါက်က “အဲဒါကတော့ မသိဘူးပေါ့။ ဒါက ပရိသတ်နဲ့ပဲဆိုင်တာပေါ့။ ကျွန်တော်တို့ကတော့ နောက်ထပ် အကောင်းဆုံးဂျင်းကောင် နောက်တစ်ကောင်ကို ပရိသတ်ကိုမိတ်ဆက်ပေးမှာပေါ့။ အရင် ဗွီဒီယိုက ဗိုလ်အောင်ဒင်ဇာတ်ရုပ်ကို ထပ်ဆက်တာပါမယ်။ ကြည့်ရတာ သပ်သပ်ဖြစ်တာလည်းပါမယ်။ presention ကတစ်မျိုးပေါ့။ အဲဒီလိုမျိုးလည်းလုပ်ထားပါတယ်”ဟု ရုပ်ရှင် ဂျင်းကောင်အကြောင်း ပြောပြသည်။ ကိုပေါက်ကသူ၏ဇာတ်လမ်းကိုပင် ညီညီဘမောင်ကိုပြောပြထားပြီး ဇာတ်ညွှန်း အပ်ထားသည်ဟုသိရသည်။

မြင့်မြတ်က အင်တာနက်တွင်ထုတ်လွှင့်သည့် ဇာတ်လမ်းတိုတွင် ဂျင်းကောင်ပုံစံနှင့်သရုပ်ဆောင်ထားသည်နှင့်ပတ်သက်ပြီး“တကယ်တော့လည်း မြင့်မြတ်က မသိတာပေါ့နော်။ သူ့စိတ်ကတော့ရှင်းပါတယ်။ ဒါကိုသူမသိလို့ သူများကအကူအညီတောင်းလာတဲ့အတွက် သူလုပ်လိုက်မိတယ်။ နောက်တော့ သူမလုပ်တော့ပါဘူး။ မအေးသောင်းနဲ့မှာ သူလုပ်ဖြစ်သွားတယ်ပေါ့။ ကိုယ်က မြင့်မြတ်လို့ ကိုယ်တို့က ရုပ်ရှင်ကားကြီးရိုက်မှာလေလို့ဆိုတော့ သူက သြော်ဟုတ်တယ်။ ဟုတ်တယ်တဲ့။ သတိမထားမိလိုက်ဘူး။ ကျွန်တော်မတွေးမိလိုက်ဘူးတဲ့။ နောက်ဟာတွေမှာတော့ သူမလုပ်ပါဘူး” ဟု ကိုပေါက်ကဖြေသည်။

ပရိသတ်ကြားပေါက်သွားခဲ့သည့် “ဂျင်းကောင်”“နန်းဆန်တယ်”ဆိုသည့်အရာများအတွက်လည်း ကိုပေါက်က ခုထိပီတိဖြစ်နေတုန်းပါပဲဟုလည်းဆိုသည်။

MT

Leave a Reply