တိုကျို မေ ၂၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ မကြာသေးခင်က ဂျပန်နိုင်ငံကို လေးရက်တာ ခရီးသွားရောက် ခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာပူးပေါင်းမှုတွေအတွက် စကားကမ်းလှမ်းကြောင်းပြောဆိုခဲ့ပါတယ်။

ပြောဆိုချက်တွေထဲမှာ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်ခွင့်နဲ့ အခွန်လျှော့ပေါ့ခွင့်တွေလည်း ပါတယ်လို့ သိရပါတယ်။

ခရီးစဉ်မှာ ကုန်သွယ်ရေးသဘောတူစာချုပ်အထိ မချုပ်ခဲ့ပေမဲ့ စကားကတိအထိ အဆင်ပြေခဲ့တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က အိမ်ဖြူတော်ကနေ ထုတ်ပြန်ပါတယ်။

နှစ်နိုင်ငံကုန်သွယ်ရေးဟာ ယခုလကုန်မှာ စတင်ဖွယ်ရှိပြီး နှစ်နိုင်ငံထုတ်ကုန်တွေကို အပြန်အလှန် ကုန်သွယ်သွားမယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးအငြင်းပွားမှုအပြီးမှာ သမ္မတထရန့်ရဲ့ ဂျပန်ခရီးစဉ်ဟာ ပထမဆုံးအမေရိကန်က အာရှနိုင်ငံကို ကုန်သွယ်ရေးပြန်လည် ကမ်းလှမ်းတာပဲ ဖြစ်ပါတယ်။

အပြည့်အဝ ကုန်သွယ်တာကိုတော့ လာမယ့် သြဂုတ်လမှာ အောင်မြင်နိုင်မယ်လို့ ခန့်မှန်းထားပြီး နောက်ပိုင်းမှာ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်၊ အခွန်ကင်းလွတ်ခွင့်တွေအထိ ရှိလာမယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဂျပန်စီးပွားရေးဝန်ကြီးကတော့ အမေရိကန်နဲ့စီးပွားရေးကိစ္စတွေပူးပေါင်းလုပ်ဆောင်ဖို့ ညှိနှိုင်းဆဲသာဖြစ်ပြီး ဆုံးဖြတ်ချက်မချရသေးဘူးလို့ မီဒီယာတွေကို ပြောထားပါသေးတယ်။

ဒါပေမဲ့ သမ္မတထရန့်ရဲ့ ကမ်းလှမ်းချက်ဟာ ဂျပန်အတွက် အကျိုးရှိဖွယ်ရှိတယ်လို့ စီးပွားရေးဝန်ကြီးက စကားဦးသန်းထားပါသေးတယ်။

၂၀၁၈ ခုနှစ်မှာ ဂျပန်နိုင်ငံက အမေရိကန်ကို 6.76 ဘီလီယံအထိ ကုန်တင်သွင်းခဲ့ပါတယ်။ ကုန်သွယ်ရေးသဘောတူညီမှုသာ အောင်မြင်သွားပါက အခွန်က ထက်ဝက်မက သက်သာနိုင်ပြီး အချို့ကုန်စည်တွေအတွက် အခွန်ကောက်ခံမှုတွေ မရှိတော့တဲ့အထိ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

Ref: CNBC

Leave a Reply