ဂျပန်ငွေစက္ကူများ ပုံစံပြောင်း ထုတ်လုပ်မည်

ကျိုတို ဧပြီ ၁၀

ဂျပန်နိုင်ငံအစိုးရက နိုင်ငံအတွင်းသုံးစွဲ လျက်ရှိသော ငွေစက္ကူအချို့၏ပုံစံ များကို ပုံစံသစ်အသွင်ပြောင်းလဲ သုံးစွဲ မည်ဖြစ်ကြောင်းကြေညာခဲ့သည်။

ဂျပန်ငွေစက္ကူအတုများ သုံးစွဲမှုမှ ကာကွယ်ရန်ရည်ရွယ်ပြီး ပုံစံသစ် အသွင်ကို ပြောင်းလဲထုတ်လုပ်မည် ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့က ဆို သည်။

အဆိုပါငွေစက္ကူပုံစံများ ပြောင်းလဲ သုံးစွဲမှုကို ၂၀၂၄ ခုနှစ် ဧပြီလမတိုင်မီ စတင်ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနကဆိုသည်။

ပြောင်းလဲသုံးစွဲမည့် ငွေစက္ကူများ တွင် ရေစာမှတ်များပါဝင်မည်ဖြစ် သည့်အပြင် သုံးဖက်မြင် 3D ဒီဇိုင်း များဖြင့် ပုံဖော်ထားမည်ဖြစ်သည်။

ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောင်းလဲသုံးစွဲမည့် ယန်း ၁၀၀၀ တန်၊ ယန်း ၅၀၀၀တန်နှင့် ယန်း ၁၀၀၀၀ တန် ငွေစက္ကူပုံစံဒီဇိုင်းများကို ဂျပန်နိုင်ငံ၏သမိုင်းတစ်လျှောက်တွင် မော်ကွန်းတင်ခဲ့သော အထင်ကရ ပုဂ္ဂိုလ်များဖြင့် ရုပ်ပုံများဖြင့် ပုံဖော် ထားကြောင်း သိရသည်။

ငွေစက္ကူ ယန်း ၁၀၀၀၀ တန်တွင် ၁၉ ရာစုနှောင်းပိုင်းက တိုကျို စတော့အိတ်စ်ချိန်းကို စတင်ခဲ့သူ စက်မှုလုပ်ငန်းရှင် အီချီ ရှီဘူဆာဝါ၏ ရုပ်ပုံကို ဖော်ပြရန် စီစဉ်ထားပြီး ငွေစက္ကူ ယန်း ၅၀၀၀ တန်တွင် ပထမ ဆုံးနိုင်ငံခြားသို့ ပညာတော်သင်သွား ခဲ့သော အမျိုးသမီး ယူမီကို ဆူဒါ၏ ရုပ်ပုံနှင့် ယန်း ၁၀၀၀ တန်တွင် မေးခိုင်ရောဂါ ကာကွယ်ဆေး ရှာဖွေ တွေ့ရှိခဲ့သူ သမားတော်ကြီး ရှီဘာ ဆာဘူရို ကီတာဆာတို၏ရုပ်ပုံကို ထည့်သွင်းဖော်ပြသွားမည်ဖြစ် ကြောင်း သိရသည်။

ငွေစက္ကူများ ပုံစံပြောင်းလဲသုံးစွဲ ခြင်းသည် နိုင်ငံအတွင်း စီးပွားရေး အခြေအနေကို ပြောင်းလဲလှုံ့ဆော်ရန် ရည်ရွယ်ခြင်းမရှိပါကြောင်းနှင့် အခါ အားလျော်စွာ ငွေစက္ကူဒီဇိုင်းပြောင်းလဲ သုံးစွဲခြင်းသာဖြစ်ပါကြောင်း ဘဏ္ဍာ ရေးဝန်ကြီး တာရိုအာဆိုက ဆိုသည်။

သတ်မှတ်ထားသည့်အတိုင်း ငွေစက္ကူများပုံစံပြောင်းလဲသုံးစွဲနိုင်မည်ဆိုပါက နှစ်ပေါင်း ၂၀ အတွင်း ပထမ ဆုံး ငွေစက္ကူအနုသုခုမလက်ရာများပြောင်းလဲမှုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

NHK

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.