Advertisements

တိုကျို မေ ၁

အမေရိကန်အခြေစိုက် အမေဇုံ အွန်လိုင်းဝန်ဆောင်မှု ကုမ္ပဏီဟာ အမေဇုံဟာ စျေးကွက်တိုးချဲ့မှုမှာ ပြိုင်စံရှားပြီး ထိပ်တန်းမှာသာ ရပ်တည်ခဲ့ပေမဲ့ ဂျပန်နိုင်ငံမှာတော့ ပြိုင်ဘက် ကြီးကြီးမားမားနဲ့တွေ့ပြီး စျေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်နေပါတယ်။

ဂျပန်နိုင်ငံ အခြေစိုက် ရာကူတန် (Rakuten) ကုမ္ပဏီဟာဆိုရင်လည်း အအောင်မြင်ဆုံး အွန်လိုင်းဝန်ဆောင်မှု ကုမ္ပဏီဖြစ်ပြီး အမေဇုံလောက် ကမ္ဘာ့စျေးကွက်မှာ လူသိမများပေမဲ့ ဂျပန်မှာတော့ ရာကူတန်ကိုယှဉ်နိုင်တဲ့ ဘယ်နိုင်ငံခြားကုမ္ပဏီမှမရှိသေးပါဘူး။

ပြီးခဲ့တဲ့ နှစ်က အမေဇုံကုမ္ပဏီဟာ အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ တရုတ်တို့ကို စျေးကွက်ချဲ့ထွင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အခြားနိုင်ငံတွေမှာ အချိန်တိုအတွင်း ထိုးဖောက်နိုင်ခဲ့ပေမဲ့ ဂျပန်မှာတော့ တစ်နှစ်ကျော် ကြာတဲ့တိုင် ရာကူတန်နဲ့ စျေးကွက်ယှဉ်ပြိုင်နေရဆဲပဲ ဖြစ်ပါတယ်။

ရာကူတန်ကမ္ဘာလို့ အမည်ပေးထားတဲ့ ရာကူတန်ကုမ္ပဏီရဲ့ အွန်လိုင်းဝန်ဆောင်မှုကုမ္ပဏီဟာ ဂျပန်နိုင်ငံမှာ ဆယ်စုနှစ် လေး၊ ငါးစုကြာ လူကြိုက်များခဲ့တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

မှာယူတဲ့ ကုန်ပစ္စည်းတွေကို အိမ်အရောက်ပို့ပေးရုံမျှမက ပစ္စည်းတွေရဲ့ အရည်အသွေးနဲ့ စျေးဝယ်သူရဲ့ စိတ်ကျေနပ်မှုကို မကြာခဏ စစ်တမ်း ကောက်ယူပြီး နည်းမျိုးစုံနဲ့ တိုးတက်အောင် လုပ်ဆောင်နေတာကြောင့် အခုထိ ဝယ်သူတွေရဲ့ စောဒကတက်တာကို တစ်ကြိမ်တောင် မခံရသေးပါဘူး။

ဒါ့အပြင် ရာကူတန်ဟာ အွန်လိုင်းဘဏ်နဲ့ချိတ်ဆက်ပြီး အကြွေးကဒ်ဝန်ဆောင်မှုကိုလည်း ပေးထားပါသေးတယ်။ ရာကူတန်အကြွေးကဒ်နဲ့စျေးဝယ်တဲ့အခါ ပစ္စည်းတန်ဖိုးရဲ့ ၁၀ရာခိုင်နှုန်းက ၂၅ရာခိုင်နှုန်းအထိ သက်သာခွင့်ပေးထားပါသေးတယ်။

ရာကူတန်နည်းတူ နောက်မှဝင်ရောက်လာတဲ့ အမေဇုံကလည်း စျေးတွေကို အဓိက ထားပြီးလျှော့ချတာ၊ တစ်ခုဝယ်တစ်ခုလက်ဆောင်ပေးတာမျိုးတွေ လုပ်ဆောင်လျက်ရှိပေမဲ့ အခုထိ စျေးကွက်အားပြိုင်ဆဲဖြစ်ပြီး ဘယ်သူမှ စျေးကွက်ကို အပိုင်စီးမနိုင်သေးပါဘူး။

စျေးကွက်လေ့လာသူတွေကတော့ ကုမ္ပဏီနှစ်ခုရဲ့ အားပြိုင်မှုက စျေးဝယ်သူတွေကို အကျိုးအမြတ်ရစေပြီး ပိုစိတ်ရှည်ပြီး ရေရှည်ရပ်တည်နိုင်တဲ့ ကုမ္ပဏီက စျေးကွက်မှာ အသာစီးရနိုင်ဖွယ်ရှိတယ်လို့ ထင်ကြေးပေးနေကြပါတယ်။

Ref: CNBC

Leave a Reply