Advertisements

တိုကျို ၊ အောက်တိုဘာ ၁၅

ဂျပန်နိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ပြီးခဲ့သည့် အပတ်စနေနေ့က ဝင်ရောက်တိုက်ခတ်ခဲ့သော အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၅၀ ကျော်သေဆုံးခဲ့ကြောင်း ဂျပန် အစိုးရ တာဝန်ရှိသူများ ကပြောကြားသည်။

သေဆုံးသူဦးရေ ၅၃ ယောက်အထိ ရှိပြီး ကိုးဦးပျောက်ဆုံးခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ဆိုသည်။
ကျိုဒို သတင်းဌာန ကမှု တိုင်ဖွန်း မုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူ ၆၉ ယောက်အထိ ရှိကြောင်းဖေ်ာပြ ထား သည်။

ဂျပန်နိုင်ငံကို Hagibis တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တျိုက်ခတ်မှုကြောင့် မိုး အကြီးအကျယ်ရွာသွန်းကာ မြစ်ပေါင်း ၂၀၀ ကျော်ရေကြီးရေလျှံ မှုများ ဖြစ်ပွားခဲ့ပြီး လူနေအိမ် ထောင်ပေါင်းများ စွာ ရေနစ်မြုပ်ခဲ့သည်။

Hagibis တိုင်ဖွန်းမုန်တိုင်းသည် ဂျပန်နိုင်ငံ ကိုနှစ်ပေါင်း ၆၀ ကျော်အတွင်း အပြင်းထန်ဆုံး ဝင်ရောက်တိုက်ခတ်သည့် မုန့်တိုင်းတစ်ခုလည်း ဖြစ်သည်။

Ref ; Kyodo News

Advertisements
<

Leave a Reply