Advertisements

တိုကျို ဖေဖော်ဝါရီ ၂

ဂျပန်နိုင်ငံတွင် အလုပ်သမား ရှားပါးသည့် ပြဿနာ မြင့်တက်နေပြီး ၄၅နှစ်တာ ကာလအတွင်း အဆိုးဝါးဆုံးအဖြစ် ရပ်တည်နေကြောင်း အန်အိတ်စ်ကေသတင်းတစ်ရပ်တွင် ဖော်ပြသည်။

လွန်ခဲ့သည့်နှစ်အတွင်းက အလုပ်အကိုင်နေရာ ၁၆၃ နေရာအတွက် အလုပ်ရှာဖွေသူ ဦးရေမှာ ၁ဝဝ မျှသာ ပျမ်းမျှရှိကြောင်း၊ ယင်းမှာ ၁၉၇၉ ခုနှစ်နောက်ပိုင်းကာလတွင် အလုပ်အကိုင် နေရာနှင့် အလုပ်ရှာဖွေသူ ဦးရေအချိုး ကွာဟမှု အမြင့်မားဆုံး ဖြစ်ကြောင်းဖော်ပြသည်။

Advertisements
data-language="en"

ဂျပန်အလုပ်သမားဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များ၌လည်း ယင်းသို့ ဖော်ပြထားပြီး ယမန်နှစ် ဒီဇင်ဘာလမှာ အလုပ်အကိုင်နေရာနှင့် အလုပ်ရှာဖွေသူများ၏ ကွာဟမှု အချိုးမှာ အမြင့်မားဆုံးကာလဟု ဆိုသည်။

ထိုသို့ အလုပ်သမားရှားပါးနေခြင်းမှာ ကမ္ဘာပေါ်တွင် တတိယမြောက်စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နေသည့် ဂျပန်အတွက် စိန်ခေါ်မှုကြီးဖြစ်လာနေကြောင်း လေ့လာသူများက သုံးသပ်သည်။ အလုပ်သမား ရှားပါးမှုနှင့် တောက်လျှောက်ကြုံတွေ့နေပါက ဂျပန်နိုင်ငံ အနေဖြင့် ငွေကြေးဖောင်းပွမှု တိုက် ဖျက်ရေးစစ်ပွဲနှင့် ကာလရှည်ကြာစွာ ကြုံတွေ့နေရမည်ဖြစ်ကြောင်း လေ့လသူများက ခန့်မှန်းထားသည်။

ဂျပန်နိုင်ငံတွင် အသက်အရွယ်ကြီးရင့်သည့် လူဦးရေတစ်ဟုန်ထိုးမြင့်မား လာမှုနှင့် ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာမှုကြောင့် နိုင်ငံတွင်း လုပ်သားအင်အားစု ကျုံ့ဝင်မှုနှင့် ကြုံတွေ့လာနေရသဖြင့် ဂျပန်နိုင်ငံ၏လုပ်သားဈေးကွက်တွင် နှစ်ပေါင်းများစွာ အကျပ်ရိုက်နေရသည်။

အလုပ်လက်မဲ့ဦးရေနှုန်းမှာ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းက အနိမ့်ဆုံးအဆင့်ဖြစ်သည့် ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ ယင်းမှာ ယမန်နှစ် နိုဝင်ဘာလထက် သုည ဒသမ ၁ ရာခိုင် နှုန်း ကျဆင်းသွားခြင်းဖြစ်ကြောင်း ဂျပန်ပြည်ထဲရေး ဝန်ကြီးဌာနက သီးခြားထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

NHK

Leave a Reply