Advertisements

ဂျပန်လွှတ်တော်ကို ဖျက်သိမ်း

ရက်ရွှေ့ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်အောက်လွှတ်တော်ကိုဖျက်သိမ်းလိုက်သည်။

ရွေးကောက်ပွဲကို လာမည့်အောက်တိုဘာလ ၂၂ ရက် နေ့တွင် တစ်နှစ်စော၍ ကျင်းပမည်ဖြစ်ကြောင်း ပြီးခဲ့သည့် အပတ် တနင်္လာနေ့က ကြေညာခဲ့သည်။
မစ္စတာအာဘေးမှာ လက်ရှိဖြစ်ပွားနေသော မြောက်ကိုရီးယား အကျပ်အတည်းနှင့် လူထုထောက်ခံမှု ပြန်လည်ရရှိလာချိန်တွင် တာဝန်အသစ်ကို ရယူရန် စီ
စဉ်နေခြင်းဖြစ်သည်။

လက်ယာသမား ရှင်ဇိုအာဘေးသည်၂၀၁၂ ခုနှစ်တွင် အာဏာရခဲ့ခြင်းဖြစ်ကာ သူ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှာ ဂျပန်နိုင်ငံ ပြည်ထောင်စုလွှတ်တော်
ကို လွှမ်းမိုးထားသော ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင် သည်။

မစ္စတာအာဘေးမှာခရိုနီဝါဒ ကျင့်သုံးသည်ဟုဆိုကာ ယခုအစောပိုင်းတွင် လူထုထောက်ခံမှု ကျဆင်းခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော် မြောက်ကိုရီယား
က ဒုံးပျံနှစ်စင်း ပစ်လွှတ်သည့်ကိစ္စနှင့်ပတ်သက်၍ မစ္စတာအာဘေးက တင်းတင်းမာမာရပ်တည်ခဲ့ရာ လူထုထောက်
ခံမှု ပြန်လည်ရရှိခဲ့သည်။

ရွေးကောက်ပွဲကိုတစ်နှစ်စော၍ ကျင်းပရန် သူက စီစဉ်ခြင်းမှာ အတိုက်အခံပါတီ အင်အားနည်းချိန်ကို အခွင့်ကောင်း ယူခြင်းဖြစ်သည်ဟု မြင်နေကြပြီး လစ်
ဘရယ်ဒီမိုကရက်တစ်ပါတီမှာ လူထုထောက်ခံမှု ရရှိနေသည်။

သို့သော်မစ္စတာအာဘေးမှာ ယခုအခါတွင် လူကြိုက်များသော တိုကျိုမြို့တော်ဝန် ယူရီကို ကွိုင်ကဲ ဦးဆောင် သောParty of Hope နှင့် ရင်ဆိုင်ရမည် ဖြစ်
သည်။

Source: BBC

Advertisements
<

Leave a Reply