Advertisements

ဂျပန်လွှတ်တော်တွင်း အမျိုးသမီး ပါလီမန်အမတ်များကို ပိုမိုပါဝင်လာစေရန်နဲ့ နိုင်ငံရေးလုပ်ရှားမှုများတွင် အမျိုးသမီးများပူးပေါင်းမှု ပိုမို လွယ်ကူစေရန် အထောက်အပံ့ပေးမည့် ဥပဒေသစ်တစ်ရပ်ကို မေလ ၁၆ရက်နေ့ တွင် တရားဝင်ပြဌာန်းလိုက်သည်။

ဥပဒေအသစ်အရ ရွေးကောက်ခံမည့်သူများတွင် အမျိုးသမီးနှင့် အမျိုးသား တန်းတူ အရည်အတွက်ရှိစေရန်နှင့် အမျိုးသမီးတို့ ကို ခွဲခြားဆက်ဆံခြင်းမပြုပဲ တန်းတူအခွင့်အရေးပေးရန် လုပ်ဆောင်ရမည်ဖြစ်သည်။

သို့သော် ဥပဒေအသစ်တွင် ထိုသို့ လုပ်ဆောင်ရန် လိုက်နာခြင်းမရှိသည့် နိုင်ငံရေးပါတီများကို မည်သို့ မည်ပုံ အရေးယူ ဆောင်ရွက်မည်ဆိုသော အချက်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိပေး။

ဥပဒေသစ်ပြဌာန်းလိုက်ရသည့် ရည်ရွယ်ချက်မှာ နိုင်ငံရေး၊ စီးပွားရေးအခန်းကဏ္ဍများတွင် အမျိုးသမီးများက အဓိက ဦးဆောင်သူအနေဖြင့် ပါဝင်လာကြပြီး လက်ရှိ ဂျပန်နိုင်ငံရင်ဆိုင်နေရသော စီးပွားရေး နိုင်ငံရေး အခက်ခဲများကို လျော့ကျစေလိုခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောသည်။

လက်ရှိတွင် ပါလီမန် အမတ် ၄၆၅ဦးအနက် ၄၇ဦးသာ အမျိုးသမီးများဖြစ်ပြီး အချိုးချကြည့်ပါက ၁၀ဒသမ ၁ရာခိုင်နှုန်းခန့်သာရှိသည်။ ဂျပန်နိုင်ငံအရေးတွင် အမျိုးသမီးဦးရေ ပါဝင်မှု နှုန်းမှာ မြန်မာနိုင်ငံနှင့် ဂန်ဘီးယား နိုင်ငံတို့ထက် များစွာ နိမ့်ကျလျက်ရှိကြောင်း သိရသည်။

“ဒီဥပဒေအသစ်က ဂျပန်နိုင်ငံအရေးကို အလှည့်အပြောင်းကြီး ဖြစ်လာစေမယ်လို့ မျှော်လင့်ပါတယ်” ဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဆာကိုနိုတာကပြောသည်။

နိုင်ငံရေးဖြစ်စဉ်တွေမှာ ပူးပေါင်းပါဝင်ဖို့ မဝံ့ရဲ ဖြစ်နေတဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို အားပေးကူညီပြီး ရွေးကောက်ပွဲကို စုပေါင်းလုပ်ဆောင်ကြရမည်ဟု သူမက ဖြည့်စွက်ပြောဆိုသည်။

အဆိုပါ ဥပဒေသစ်ကို အတိုက်အခံ ပါတီက တင်သွင်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အရေးယူဆောင်ရွက်ရန် အချက်အလက်များ ပါဝင်ခြင်းမရှိသဖြင့် ကန့်ကွက်မှုများ ရင်ဆိုင်နေရသော်လည်း ဥပဒေကတော့ အတည်ပြု ပြထမ်းခဲ့ပြီး ဖြစ်သည်။

လာမည့် ၂၀၁၉ တွင် ဂျပန်နိုင်ငံ၏ ဒေသတွင်း ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ပြီး၊ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အတွက် ရွေးကောက်ခံ ကြရမည် ဖြစ်သည်။

https://www.efe.com/efe/english/portada/japan-enacts-law-to-promote-women-s-participation-in-politics/50000260-3617425

Advertisements
<

Leave a Reply