Advertisements

ဘာလင် မတ် ၈

ဂျာမနီနိုင်ငံသည် တရုတ်နိုင်ငံအခြေစိုက် တယ်လီကွန်းကုမ္ပဏီ ဟွာဝေးနည်းပညာ 5Gကွန်ယက်ကို အခြားအနောက်နိုင်ငံများနည်းတူ ပိတ်ပင်သွားမည်မဟုတ်ဘဲ စီးပွားရေးနှင့် နည်းပညာအရ အဆင်ပြေဆုံးဖြစ်ပါက အသုံးပြုသွားမည်ဖြစ်ကြောင်း ဂျာမနီနိုင်ငံ စီးပွားရေးဝန်ကြီး ပီတာအာလ်မီဆာက ပြောသည်။

စီးပွားရေးဝန်ကြီးသည် ဘာလင်နိုင်ငံတွင် ကျင်းပသည့် နည်းပညာနှင့်ပတ်သက်သော တီဗီအစီစဉ်တစ်ခုတွင် ထိုသို့ ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။

“တရုတ် ဟွာဝေးကုမ္ပဏီမကဘူး ၊ တခြား ဘယ် နည်းပညာကုမ္ပဏီမဆို လာရောက် ရင်းနှီးမြှုပ်နှံဖို့ ကြိုဆိုပါတယ်။ အကောင်းဆုံးတစ်ခုက ဂျာမနီမှာ အသုံး အများဆုံးကွန်ယက်ဖြစ်လာမှာပါ”ဟု ၎င်းက ပြောသည်။

ဂျာမနီနိုင်ငံ ဘာလင်မြို့သည် နည်းပညာလုံခြုံမှုအပိုင်းနှင့် ပတ်သက်ပြီး ယုံကြည်စိတ်ချမှုရှိသဖြင့် ဟွာဝေးသာမက မည်သည့် 5Gကွန်ယက်ထောက်ပံ့မည့် ကုမ္ပဏီကိုမဆို လက်ခံသွားနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

စီးပွားရေးဝန်ကြီးတက်ရောက်ခဲ့သည့် ZED talk show သည် အစိုးရနှင့် ပတ်သက်သည့် နည်းပညာ ထိန်းချုပ်မှုများနှင့် စီးပွားရေးချိတ်ဆက်မှုများအကြောင်း အဓိက ထုတ်လွှင့်သည့် အစီအစဉ်တစ်ခုဖြစ်သည်။ အဆိုပါ အစီအစဉ်တွင် တရုတ်၏ နည်းပညာကိုအသုံးချပြီး အနောက်နိုင်ငံနှင့် ကမ္ဘာ့ နည်းပညာဈေးကွက်ကို လွှမ်းခြုံရန် ကြံစည်နေသောအချက်သည် မဖြစ်နိုင်ကြောင်း သူက ပြောသည်။

အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများတွင် ဟွာဝေးကုမ္ပဏီကို ပိတ်ပင်ထားပြီး နည်းပညာဖြင့် တရုတ်အစိုးရကို အချက်အလက်များ လျှို့ဝှက်ထောက်လှမ်းနေသည်ဟူသော စွပ်စွဲချက်များရှိနေခဲ့သည်။ သို့သော် ဂျာမနီနိုင်ငံသည် နိုင်ငံတွင်း အချက်အလက်ကာကွယ်ရေးနည်းညာကို မြှင့်တင်ထားသဖြင့် အခြားနိုင်ငံများကဲ့သို့ ထူးထူးခြားခြားစိုးရိမ်ခြင်းမရှိနေကြောင်း ဝန်ကြီးက ဆိုသည်။

အမေရိကန်နှင့် စီးပွားရေး မိတ်ဖက်အဖွဲ့ဝင်နိုင်ငံများ သည် ဟွာဝေးကုမ္ပဏီကို ပြည်တွင်းမဝင်ရောက်ရန် ပိတ်ဆို့ထားပြီးနောက် ဂျာမနီနိုင်ငံက ထိုသို့ တုံ့ပြန်ပြောခဲ့ခြင်းလည်းဖြစ်သည်။

CNBC

Advertisements
<

Leave a Reply