မော်လမြိုင်၊ နိုဝင်ဘာ ။ ။မွန်ပြည်နယ်တွင် ယာဉ်တိုက်မှုများ ပိုမိုဖြစ်ပေါ်လာသည့်အတွက် အန္တရာယ်ထိခိုက်မှုဖြစ်လာလျှင် အချိန်မီ ကယ်ဆယ်နိုင်ရန် မွန်ပြည်နယ်မီးသတ်ဦးစီးဌာနတွင် ဂျာမနီနိုင်ငံထုတ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို ဝယ်ယူထားရှိကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

accident

ဝယ်ယူထားသည့် စက်ကိရိယာများမှာ သံချောင်းများ ဖြတ်တောက်ခြင်း၊ မီးခိုးထုတ်ခြင်း၊ ပင့်မတင်ခြင်း စသည်တို့ဖြစ်ပြီး အဆိုပါ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများရှိပါက ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အရင်က ယာဉ်တိုက်မှုဖြစ်လို့ရှိရင် ကားမှာ ညှပ်နေတဲ့ လူနာတွေကို လိုအပ်တဲ့ ပစ္စည်းမရှိတဲ့အတွက် လူနာတွေကို ကယ်တင်ဖို့ အချိန်ကြာကြီး။ အခုဒီပစ္စည်းရှိလို့ရှိရင် ညှပ်နေတဲ့လူနာတွေကို သက်သောင့် သက်သာ အချိန်မီကယ်တင်နိုင်တယ်၊ ဥပမာ တစ်ခုခု ပိနေတယ်ဆိုရင် ပင့်တင်မယ်။ အချိန်မီကယ်တင်နိုင်ရင် နာကျင်မှုသက်သာတာပေါ့”ဟု ၎င်းက ပြောသည်။

အဆိုပါ စက်ပစ္စည်းများဖြစ်သည် Hydrolic Rescue Divices Unit, Power cutter (သံချောင်းဖြတ်တောက် သည့် ကိရိယာ)၊ ဆယ်တန်ထိ မတင်နိုင်သည့် Hight pressure Lifting Bag (ပင့်တင်သည့် စက်ကိရိယာ) နှင့် smoke Ejecter (မီးခိုထုတ်ကိရိယာ) တို့ကို ပြည်နယ်ဘတ်ဂျက်ဖြင့် ဝယ်ယူထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများကို နှစ်စုံဝယ်ယူထားပြီး မော်လမြိုင်ခရိုင်အတွက် တစ်စုံနှင့် သထုံခရိုင်အတွက် တစ်စုံ ထားရှိမည်ဖြစ်ကြောင်း မွန်ပြည်နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
Written by – အဂ္ဂနန်

Leave a Reply