Advertisements

ဝါရှင်တန် ဒီစီ ၊ အောက်တိုဘာ ၃

၂၀၂၀ သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတဒေါ်နယ်ထရမ့်၏ အဓိကပြိုင်ဖက် ဖြစ်လာနိုင်သော ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန်နှင့် သူ၏သား ကို စုံစမ်းစစ်ဆေး ပေးရန်အတွက် တရုတ်နှင့် ယူကရိန်းနိုင်ငံကို သမ္မတဒေါ်နယ်ထရမ့် တိုက်တွန်း ပြောကြားလိုက်သည်။

“Biden တို့ အကြောင်းတွေကို စုံစမ်းစစ်ဆေးမှု စတင်ကြဖို့ ကျနော် ထောက်ခံပြောကြား လိုပါတယ်။” ဟု ကြာသာပတေးနေ့က အိမ်ဖြူတော် မြက်ခင်းပြင်တွင် သမ္မတ ဒေါ်နယ် ထရမ့် ကပြောဆိုခဲ့ခြင်းဖြစ်သည်။

ဂျိုးဘိုင်ဒန် ဒုတိယသမ္မတ အဖြစ်တာဝန်ယူခဲ့စဉ် က ဂျိုးဘိုင်ဒန် ၏ သားဖြစ်သူ Hunter Biden ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ မလုပ်နိုင် စေရန်ယူကရိန်းအစိုးရကို ဖိအား ပေးခဲ့ကြောင်း ဒေါ်နယ်ထရမ့် ကဆိုသည်။

ဂျိုးဘိုင်ဒန် ဒုတိယ သမ္မတ အဖြစ်တာဝန်ယူခဲ့စဉ် ကာလအတွင်း Hunter Biden ယူကရိန်းနိုင်ငံ Kyiv မြို့ အခြေစိုက် Burisma စွမ်းအင်ကုမ္ပဏီ တွင် အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဒုသမ္မတ ဂျိုးဘိုင်ဒန် ဟာ ၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံကို သွားရောက်ခဲ့စဉ်ကလည်း Air Force Two လေယာဉ်ကို အသုံးပြုပြီး ဘိုင်ဒန် တည်ထောင်ထားသော စတော့ရှယ်ယာ နှင့် ငွေကြေး ကုမ္ပဏီ အတွက် တရုတ်နိုင်ငံ ထံမှ ဒေါ်လာ ၁.၅ ဘီလီယံ ရယူခဲ့ကြောင်း ဒေါ်နယ်ထရမ့် က စွပ်စွဲ ပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့် ၏ ပြောဆိုချက်များသည် သမ္မတ တစ်ဦး ၏ အာဏာကို တလွဲ သုံးသော နောက်ထပ် လုပ်ရပ် တစ်ခု ဖြစ်ကြောင်း အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဥက္ကဌ ဒီမိုကရက်အမတ် Adam Schiff ပြောဆိုသည်။
“သမ္မတဟာ ကျွန်တော်တို့ရဲ့ သမ္မတရွေးကောက်ပွဲမှာ တခြားနိုင်ငံ တွေကို ဝင်ရောက်စွက်ဖက်ခွင့် ပြုဖို့ လုပ်ဆောင် နေတာ ကို နောက်တစ်ကြိမ် ထပ်မံ မြင်တွေ့နေရပါတယ်” Adam Schiff ဆိုသည်။

ယင်းကဲ့သို့ ပြောဆိုမှုများသည် သမ္မတ ဒေါ်နယ်ထရမ့်ကို စွပ်စွဲ ပြစ်တင်၍ ရ ကြောင်း Adam Schiff ကထပ်လောင်းပြော ဆိုသည်။

ဒုတိယ သမ္မတ ဂျိုး ဘိုင်ဒန် က မှု သူ နှင့် သူ့မိသားစု ဂုဏ်သိက္ခာ ကို သမ္မတ ဒေါ်နယ်ထရမ့် အနေနှင့် ပျက်စီးအောင် ပြုလုပ်၍ မရကြောင်း သာ တုန့်ပြန်ပြောဆိုခဲ့သည်။

Ref ; The Washington Post

Advertisements
<

Leave a Reply