Advertisements

ဘာစီလိုနာအသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမား အင်နီယေစတာဟာ ဂျေလိဂ်ကလပ် ဗစ်ဆဲလ်ကိုဘီအသင်းနဲ့ တစ်နှစ်လုပ်ခဒေါ်လာသန်း (၃၀) နဲ့ (၃)နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းများက
သိရှိရပါတယ်။

ရာသီအကုန်မှာ အသင်းကနေထွက်ခွာတော့မယ့် အင်နီယေစတာ က တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပြီး ဂျပန်ဂျေ လိဂ်ကလပ်ဖြစ်တဲ့ ဗစ်ဆဲလ်ကိုဘီက ကြားဝင်ကာ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။

တရုတ်စူပါလိဂ်ကလပ် လီဖန်းအသင်းဟာ အင်နီယေစတာကို အားကစားနဲ့သက်ဆိုင်တဲ့အလုံးစုံသော ကိစ္စရပ်တွေအပြင် စီးပွားရေးကိစ္စရပ်တွေ မှာပါပူးပေါင်းပါဝင်ဖို့ တွေ့ဆုံညှိနှိုင်းကာ ကမ်းလှမ်းခဲ့ပြီး အင်နီယေစတာက ကစားသမားတစ်ယောက်အနေနဲ့သာ ကစားချင်တာကြောင့် သဘောတူညီမှု ပျက်ပြယ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဂျေလိဂ်ကလပ် ဗစ်ဆဲလ်ကိုဘီအသင်းဟာ အခွင့်အရေးကိုလက်လွတ်မခံဘဲ ချဉ်းကပ်ခဲ့ပြီး ကိုဘီအသင်းပိုင်ရှင်ဖြစ်တဲ့ ဟီရိုရှိမီခီတာနီကတော့ အင်နီယေစတာရဲ့ သဘောထားအတိုင်း အသင်းရဲ့အဓိကအချက်အချာ
ကျတဲ့လူတစ်ဦးအဖြစ် အသင်းမှာပါဝင်ရမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ ဆွေးနွေးခဲ့ကာ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Ref : ESP

Advertisements
<

Leave a Reply