Advertisements

ဘားအံ၊ စက်တင်ဘာ

လူကုန်ကူးမှုတိုက်ဖျက်ရေး ငါးနှစ်စီမံကိန်းအပေါ်  သုံးသပ်ချက်အရ မြဝတီမြို့နယ်တွင် လူကုန်ကူးမှုအများဆုံးဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၁၃ရက်က ဘားအံမြို့၌ ကျင်းပသည့်မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင်ရဲမှူးခင်မောင်ဦးက ပြောကြား ခဲ့သည်။

“ငါးနှစ်စီမံကိန်းရဲ့ သုံးသပ်ချက်အရ မြဝတီကအဖြစ်များတဲ့ မြို့နယ်ထဲမှာ ပါပါတယ်။ ထိုင်းဘက်ကိုဒီကနေသွားတော့ အလုပ်အကိုင်ရရှိဖို့သွားကြတာ တရားဝင်လည်း ပါတယ်၊ တရားမဝင်လည်း ပါတယ်။ အလုပ်အကိုင်အတွက်သွားပြီး ဟိုဘက်မှာ လူကုန်ကူးမှုဖြစ်သွားကြတာဆိုတော့ ကျွန်တော်တို့အတွက်
လုပ်ကိုင်ရတာ နည်းနည်းတော့ခက်တယ်” ဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ်အတွင်းမှ အများဆုံး လူကုန်ကူးခံရသည်မှာ အမျိုးသမီးများဖြစ်ပြီး ထိုင်းနိုင်ငံထက် တရုတ်နိုင်ငံဘက်သို့ ရည်ရွယ်ချက်ရှိရှိ တိုက်ရိုက်လူကုန်ကူးမှုပုံစံမျိုးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဘက်သို့ လူကုန်ကူးခံရသူ အများဆုံးမှာ ငါးဖမ်းစက်လှေ၊ ငါးလုပ်ငန်းစက်ရုံ၊ အအေး ခန်းစက်ရုံနှင့် ပြည့်တန်ဆာ လုပ်ငန်းများ၌ အဓိကပို့ဆောင်ခံရကြောင်း လေ့လာတွေ့ရှိမှု စစ်တမ်းထုတ်ပြန်ချက်အရ သိရှိရသည်။

“ရွာမှာ ကျွန်မက လူမှုအဖွဲ့အစည်းကဆိုတော့ လူကုန်ကူးမှုမခံရအောင် စောင့်ကြည့်တယ်။ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတွေ သွားမယ့်လူတွေက ကိုယ့်ကိုယ်ကို ထိန်းသိမ်းရမှာပေါ့နော်။ ကိုယ့်ရွာကလူတွေ ဘယ်ကိုသွားတယ်၊ ဘာလုပ် တယ်ဆိုတာကိုမှတ်သား စောင့်ကြည့်ခိုင်းပါတယ်။ ရွာမှာ အဲဒီလိုလူကုန်ကူးမှုတွေ ဖြစ်မယ်ဆိုရင် ကျွန်မတို့ အဖွဲ့တွေနဲ့ ချိတ် ဆက်ပြီး ဖြေရှင်းဖို့ရွာကလူတွေကို အသိပညာပေးတာတွေ လုပ်ထားပါတယ်။ ဖြစ်တာတော့ မရှိသေးပါဘူး” ဟု ထီးဖိုးကလုံးရွာသူ ဒေါ်နန်းနွယ်က ဆိုသည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အစိုးရအဖွဲ့အစည်းဌာနဆိုင်ရာများ၊ NGO, INGO အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့်ပးူ တွဲလုပေ် ဆာင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၌ ၅ နှစ် တာအတွင်း လေ့လာစောင့် ကြည့်မှုအရ ဘားအံမြို့နယ်မှာ လူကုန်ကူးမှု အနည်းဆုံးမြို့နယ် ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်း လူကုန်ကူးမှု ၂-မှုဖြစ်ပွားခဲ့ပြီး၂၀၁၇ နှစ်စမှ လက်ရှိကာလအတွင်း ဘားအံမြို့နယ်၌ ၁-မှု၊ မြဝတီမြို့နယ်၌ ၁-မှု ဖမ်းဆီးအ ရေးယူနိုင်ခဲ့ကြောင်း စာရင်းအရ သိရသည်။

Written by – ရာဟု (ဘားအံ)

Advertisements
<

Leave a Reply