၂၀၁၆-၂၀၁၇ ငါးဖမ်းလုပ်ငန်းများတင်ဒါခေါ်ယူရာတွင် ပါရှိသည့် စည်းကမ်းချက်အသစ်များနှင့် ပတ်သက်၍
မွန်ပြည်နယ် အစိုးရနှင့် ရေလုပ်သားများကြားအငြင်းပွားမှုဖြစ်ပေါ်နေကြောင်းမွန်ပြည်နယ် ငါးလုပ်ငန်းဦးစီး ဌာနဦးစီးမှူး ဦးသံချောင်းကဟင်္သာမီဒီယာသို့ပြောကြားသည်။fisher-$-Gov

“ယခင်နှစ်တွေကပိုက်ချက်အတွဲလိုက်တင်ဒါခေါ်ရောင်းချခဲ့တော့ ပြဿနာတွေရှုပ်ထွေးတယ်၊အဲ့တော့ ဒီနှစ်ကိုပိုက်ချက်တစ်လုံးချင်းရောင်းချပေးပါဆိုပြီးတော့ ပြောတော့၊ တစ်လုံးချင်းလုပ်ပေးခဲ့တယ်၊ အခုကျတော့
ပိုက်ချက်အတွဲလိုက် ပြန်လုပ်ချင်တယ် ပြောတယ်”ဟု ၎င်းကဆိုသည်။

တင်ဒါပိုက်ချက်ဆွဲဝယ်လိုသူများသည် ရေလုပ်သားများမျှတစွာလုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် တင်ဒါပွဲတစ်ကြိမ်လျှင် ပိုက်ချက်တစ်ချက်သာဆွဲဝယ်ခွင့်ရှိကြောင်းကျန်တင်ဒါပိုက်ချက်များဆွဲဝယ်လိုပါကထပ်မံကျင်းပမည့် တင်ဒါပွဲများတွင် တစ်ကြိမ်လျှင် တစ်ချက်စီထပ်မံဆွဲဝယ်ခွင့်ပြုမည်ဖြစ်ကြောင်းကိုလည်း ၎င်းက ပြောဆိုသည်။

“ရေလုပ်သားတစ်ဦးကနေရာတစ်ခုမှာလေလံတစ်ချက်ရပြီးရင်ကျန်တဲ့နေရာမှာသူတို့လေလံဆွဲခွင့်မရှိဘူးဒေသခံပြည်သူတွေရဲ့ဆန္ဒကိုလိုက်လျောတာဖြစ်သလိုဒီဘက်ကအများစုကိုလည်းဝင်ပြီးနှောင့်ယှက်လို့မရအောင်တင်ဒါစည်းမျဉ်းစည်းကမ်းချက်တွေထဲမှာပါတယ်” ဦးသံချောင်းကရှင်းပြသည်။

တင်ဒါပိုက်ချက်ဆွဲဝယ်ယူလိုသူများအနေဖြင့်ပိုက်ချက်များအတွက်သတ်မှတ်ထားသည့်အာမခံကြိုတင်ငွေ၅၀% ကိုမြန်မာ့စီးပွားရေးဘဏ်တွင်ပေးသွင်း၍တင်ဒါဆွဲဝယ်ခွင့်လက်မှတ်များကိုသတ်မှတ်ရက်အတွင်းရယူနိုင်ကြောင်းဦးသံချောင်းကဆိုသည်။

မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် တင်ဒါအောင်နိုင်သည့် လုပ်ငန်းရှင်များထံသွားရောက် ကွင်းဆင်းလေ့လာပြီးစည်းကမ်းချက်များကိုမလိုက်နာပါကယခုချမှတ်ထားသည့် တင်ဒါ စည်းမျဉ်းစည်းကမ်းများနှင့် အညီအရေးယူမှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်းဦးသံချောင်းကဆိုသည်။

“ပိုက်ချက်တစ်ချက်ချင်းရောင်းလို့ ဖြစ်ပေါ်လာမယ့်ပြဿနာတွေကိုငါးလုပ်ငန်းဦးစီးဌာနကဖြေရှင်းမှာပါ၊ငါးလုပ်ငန်းဦးစီးမှူးသည်ငါးလုပ်ငန်းရဲ့အလုပ်ကိုလုပ်ရင် ပြတ်ပြတ်သားသားလုပ်ရမှာဖြစ်တယ်”ဟုစိုက်ပျိးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေးကပြောကြားသည်။

အဆိုပါစည်းကမ်းချက်များကိုရေလုပ်ငန်းရှင်များအနေဖြင့် သဘောထားကွဲလွဲနေမှုများကိုလွှတ်တော်သို့
ပြန်လည်တင်ပြပြီး ပြင်ဆင်ရန် တောင်းဆိုပါက ပြန်လည်ပြင်ဆင်နိုင်ကြောင်းစိုက်ပျိးရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေးကပြောကြားသည်။

Leave a Reply