မော်လမြိုင် ၊ ဇွန် ၆

ငါးရစ်တက်ချိန် ဖြစ်သော ဇွန်လ ၁ ရက်နေ့ မှ သြဂုတ်လ ၃၁ ရက်နေ့ထိ မြန်မာပင်လယ်ပြင် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းအားကို ဖမ်းဆီးခွင့်ပိတ်ပင်ထားကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရှိရသည်။

ငါးရစ်တက်ချိန်နှင့်ငါးသားပေါက်လေ့ရှိသော ကာလများတွင်ငါးများ လွတ်လပ်စွာဥချသားပေါက်နိုင်ရေး နုနယ်လှသည့်ငါးသားပေါက်များ ဆက်လတ်ရှင်သန်ကြီးထွားနိုင်ရေးအတွတ်ငါးမဖမ်းရကာလအဖြစ်သက်မှတ်ခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးစိုးမြင့်ကပြောသည်။

“အဓိက ငါးသယံဇာတထိမ်းသိမ်းဖို့ ဒီရာသီကာလတွေက ငါးတွေဥချသားပေါက်တဲ့အချိန်ပြီးတော့ဥဆောင်တဲ့အချိန်ပင်လယ်ကမ်းစပ်မှာရှိတဲ့ ဒီရေတောတွေမှာဝင်ဥတယ်တချို့ကျတော့မြစ်ချောင်းတွေထဲလာတယ်အဲ့အတွက်ကြောင့်ဒီကာလကိုသတ်မှတ်ပြီးတော့ ငါးသယံဇာတမပြုန်းတီးသွားအောင် ငါးမဖမ်းဖို့ ဥပဒေနဲ့တားမြစ်ရတာ”ဟု ၎င်းကထပ်လောင်းပြောကြားသည်။

မွန်ပြည်နယ်တွင် ငါးဖမ်းလုပ်ကွက် ၁၄ကွက်ရှိပြီး ကမ်းဝေးငါးဖမ်းရေယာဉ် ၃၂၀ ရှိသည်။ ရေးမြို့နယ်တွင် ၁၉၅ စီး၊ သံဖြူဇရပ်မြို့နယ်တွင် ၁၁၉ စီး၊ ချောင်းဆုံမြို့နယ်တွင် ၆ စီး သာရှိကြောင်းသိရသည်။ ထိုရေယာဉ်အားလုံး ၎င်းတို့သက်ဆိုင်ရာမြို့နယ်ဆိပ်ကမ်းများသို့ဝင်ရောက်ပြီး ငါးဖမ်းဆီးမှုရပ်နားထားကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနထံမှာ သိရှိရသည်။

အဆိုပါ ငါးဖမ်းရေယာဉ်များ ကို ဇွန် ၅ ရက်နေ့ က ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဓာတ်ပုံနှင့်တကွ မှတ်တမ်းတင်ကာ လုပ်ငန်းရှင်များကို ငါးမဖမ်းရကာလအတွင်း ဆိပ်ကမ်းမှမထွတ်ခွာရန်လက်မှတ်ထိုးထားကြောင်း မော်လမြိုင်မြို့ ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

ယခင်နှစ်များ တွင် ငါရစ်တက်ချိန်အတွင်း ငါးဖမ်းဆီးခွင့် ၅၀ရာခိုင်နှုန်းမှ၃၀ရာခိုင်နှုန်း ထိခွင့်ပြုခဲ့ပြီး ၂၀၁၈ ခုနှစ်မှစတင်ကာ ၂၀ ရာခိုင်နှုန်းအထိ သာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ငါးမဖမ်းရ ကာလအတွင်း ဆိပ်ကမ်းမှ ခိုးထွက်၍ ငါးဖမ်းခြင်းနှင့် တရားမဝင် ငါးခိုးဖမ်းသည့် လှေများကို စစ်ဆေးဖမ်းဆီးရန် တပ်မတော်ရေ ကို တရားဝင် လုပ်ပိုင်ခွင့် လွဲပြောင်းပြီးဖြစ်ကြောင်း မွန်ပြည်မယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးစိုးမြင့် ထပ်လောင်းပြောကြားသည်။

ပြီးခဲ့သည့် နှစ်များ တွင်လည်း စည်ကမ်းမလိုက်နာတဲ့ ရေယာဉ်တွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက် မှုများ ရှိကြောင်း ၎င်း ကဆိုသည်။

ငါးမဖမ်းရကာလကိုရေလုပ်သားများလိုက်နာ နိုင်ရန်အတွတ်အသိပညာပေးစီမံချက်များကို မော်လမြိုင်မြို့၊ မုဒုံမြို့နယ်နှင့် ကျိုက်မရောမြို့များတွင်မုတ္တမပင်လည်ကွေ့စီမံချက်အဖွဲနှင့်ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

စိုင်းထွန်းစံ၊ လဲ့လဲ့ဝင်း

Leave a Reply