Advertisements

မော်လမြိုင်၊ ဇူလိုင်

ကျိုက်မရောမြို့နယ် ကွမ်ငန်ကျေးရွာ ပျားတောင်ဒေသတွင် တည်ဆောက်ထားသော MCL ဘိလပ်မြေစက်ရုံသည် ယခုနှစ် ငါးလအတွင်း နိုင်ငံတော်သို့ အခွန်ငွေ ကျပ်သန်း ၃၇၄၁ သန်းကျော် ပေးသွင်းထားကြောင်း ကုမ္ပဏီ ဒါရိုက်တာ ဦးဇော်လွင်ဦးက ဇွန် ၂၅ ရက်တွင် သတင်းမီဒီယာများသို့ ပြောဆိုသည်။

အဆိုပါ အခွန်ငွေကို နိုင်ငံတော်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အတိုင်း ရန်ကုန်မြို့ရှိ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံကို နှစ်စဉ် ပေးသွင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီအခွန်ငွေတွေကို ကျွန်တော်တို့သဘောနဲ့ ကျွန်တော်တို့ပေးသွင်းလို့မရပါဘူး၊ နိုင်ငံတော်အစိုးရရဲ့ ညွှန်ကြားချက်တွေအရ ပေးသွင်းရတာဖြစ်ပါတယ်”ဟု ဦးဇော်လွင်ဦးက ဆိုသည်။

ပြည်နယ်အတွင်း လာရောက် တည်ဆောက်ထားသော MCL ကုမ္ပဏီ၏ အခွန်ပေးသွင်းမှုသည် နိုင်ငံတော်အဆင့်အများဆုံး ပေးသွင်းနေခြင်းကြောင့် ရေရှည်တွင် ပြည်နယ်အတွက် အကျိုးမဖြစ်ကြောင်း သထုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောဆိုသည်။

“MCL ကတော့ ထုံးကျောက်တောင်တွေဖြိုပြီးတော့လုပ်တယ် ဒီဒေသမှာက ဘာမှမရပဲနဲ့ withholding tax နှစ် ရာခိုင်နှုန်း နဲ့ in come tax ငါး ရာခိုင်နှုန်း လောက်ပဲရတာ ဆိုတော့ ပြည်နယ်အတွက်တော့ အရမ်းနစ်နာတာပေါ့” ဟု ၎င်းက ဆိုသည်။

ပြည်နယ်အတွက် အခွန်ရရှိမှု လျော့နည်းလာခြင်းကြောင့် ပြည်ထောင်စုအဆင့်ကို တင်ပြထားပြီး၊ လက်ရှိတွင် ပြန်လည် ညှိနှိုင်းမှု အချို့ လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

MCL ဘိလပ်မြေစက်ရုံသည် ၂၀၁၄ မှ ၂၀၁၇ ခုနှစ်အထိ လူမှုအကျိုးပြုလုပ်ငန်း(CSR)အတွက် ကျပ်သန်း ၁၆၇၂ သန်းအထိ သုံးစွဲခဲ့ထားကြောင်း ဦးဇာ်လွင်ဦးက ပြောဆိုသည်။

ထို့အပြင် ၂၀၁၄ ခုနှစ် စက်ရုံစတင်ချိန်က နိုင်ငံတော်သို့ ပေးသွင်းငွေ ၁၁၈ သန်း၊ ၂၀၁၅ ခုနှစ်တွင် ၂၈၈ သန်း၊ ၂၀၁၆ ခုနှစ် စတင်စမ်းသပ်လည်ပတ်စဉ်က ၂၂၇၁ သန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ်သန်း ၆၆၀၉သန်း၊နှင့် ၂၀၁၈ ဇန်နဝါရီမှ မေလအထိ ၃၇၄၁ သန်း စုစုပေါင်း ကျပ်သန်း၁၃၂၉၁ သန်းကျော် ပေးသွင်းခဲ့ကြောင်း ၎င်းက ပြောသည်။

Written by သက်ပိုင်

Advertisements
<

Leave a Reply