(ဓါတ်ပုံ အညွှန်း – မော်လမြိုင်မြို့တွင် မြန်မာနိုင်ငံငါးလုပ်ငန်း ဥပဒေနှင့်ပတ်သတ်၍ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲနေစဉ်)

မွန်ပြည်နယ်အတွင်းရှိ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ရေချိုငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်နေသူများကို မွန်ပြည်နယ် ငါးလုပ်ငန်း ဥပဒေနှင့် နည်းဥပဒေများ သိရှိနားလည်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသံချောင်းက ပြောသည်။

ဒီဇင်ဘာ ၂၉ ရက်နေ့က မော်လမြိုင်မြို့တွင် ပြုလုပ်သည့် မြန်မာနိုင်ငံငါးလုပ်ငန်း ဥပဒေနှင့်ပတ်သတ်၍ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“သက်ဆိုင်ရာပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်၊ ကျေးရွာတွေကို ရေလုပ်ငန်းဥပဒေပါ အချက်အလက်တွေကို ရှင်းလင်းပွဲတွေ ပြုလုပ်သွား မယ်။ ဥပဒေနှင့်အညီ လုပ်ငန်းလုပ်ဆောင်ဖို့ မဖမ်းဆီးသင့်တဲ့ ငါးအမျိုးအစားတွေနဲ့ မဖမ်းဆီသင့်တဲ့ ငါးဖမ်းနည်းတွေကို ဆွေးနွေး ပညာပေးသွားမယ်”ဟု ၎င်းက ဆိုသည်။

ရေချိုငါးဖမ်းလုပ်ငန်း ဥပဒေများကို ရေလုပ်သားများသိရှိစေရန် ဗီနိုင်းများကပ်ပေးခြင်းနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ အသေးစား ရေလုပ်ငန်း လိုင်စင်များ ထုတ်ပေးသွားပေးရန် ဆွေးနွေးထားကြောင်း မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်နေ ရေလုပ်သား ဦးမောင်ဦးက ဆိုသည်။

(ဓါတ်ပုံ အညွှန်း – မော်လမြိုင်မြို့တွင် မြန်မာနိုင်ငံငါးလုပ်ငန်း ဥပဒေနှင့်ပတ်သတ်၍ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲနေစဉ်)
(ဓါတ်ပုံ အညွှန်း – မော်လမြိုင်မြို့တွင် မြန်မာနိုင်ငံငါးလုပ်ငန်း ဥပဒေနှင့်ပတ်သတ်၍ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲနေစဉ်)

ရေလုပ်ငန်းကျေးရွာများတွင် ရေလုပ်သားများနှင့် လုပ်ငန်းရှင်များ ငါးလုပ်ငန်းဥပဒေသိရှိစေရန် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်မှု၊ အသိပညာ၊ အတတ်ပညာ၊ ဥပဒေများကို အလှည့်ကျ ရှင်းပြသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုပြည်နယ်မှူး ဦးစိုးညွန့် ကဆိုသည်။

ရေလုပ်ငန်းနှင့် သက်ဆိုင်သူများက ထွက်ရှိလာသည့် ဥပဒေ၊ နည်းဥပဒေကို ဖတ်ရှု့ပြီးမှသာ လိုက်နာဆောင်ရွက်ရမည့် အကြောင်း၊ ပြင်ဆင်ရန်နှင့် ထိန်းသိမ်းရမည့် အပိုင်းများကို နားလည်သွားမည်ဖြစ်ကြောင်း ဖွံ့ဖြိုးရေးပညာရောင်ခြည်အဖွဲ့မှ စီမံကိန်းဒါရိုက်တာ ဒေါ်ကေသီက ပြောဆိုသည်။

မွန်ပြည်နယ်ရေလုပ်ငန်းဥပဒေကို ၂၀၁၄ ခုနှစ် ဧပြီ ၁၁ ရက်နေ့က မွန်ပြည်နယ်လွှတ်တော် ဥပဒေအမှတ် (၄) အရ ရေးဆွဲ အတည်ပြု ထားကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်း ဥပဒေအရ သိရသည်။

Leave a Reply