Advertisements

မော်လမြိုင်၊ စက်တင်ဘာ ၁

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်မှု အခြေအနေများနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက သြဂုတ် ၃၁ ရက်တွင် ပြုလုပ်သည့် ပြည်နယ်လွှတ်တော် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးရှိ အရာထမ်း၊ အမှုထမ်းတို့အား တင်ပြ ဆွေနွေးခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေက ငြိမ်းချမ်းရေး အကောင်အထည်ဆောင်ရွက်နေတဲ့ ဖြစ်စဉ်အသေးစိတ်သိဖို့ လိုအပ်ပါတယ်။ တစ်ကယ်အရေးကြီးတဲ့ ကိစ္စဆောင်ရွက်တဲ့နေရာမှာ အသေးစိတ်ရဲ့ ကိစ္စတွေကို ကျွန်မတို့က ဗဟုသုတနည်းနေပါသေးတယ်။ အဲဒါကြောင့်မို့လို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တင်ပြတဲ့အပေါ် ဂရုတစ်စိုက်နဲ့ လေးလေးစားစား နားထောင်ကြရအောင်လို့ပြောကြားလိုပါတယ်” ဟု ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ယင်းအစည်းအဝေး၌ ပြောကြားခဲ့သည်။

Advertisements
data-language="en"

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA ) နှင့် စပ်လျဉ်း၍ လက်ရှိ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဆောင်မှု လမ်းကြောင်းကို တင်ပြဆွေးနွေးခဲ့သည်။

“ကျွန်တော်နိုင်ငံအနေနဲ့ကတော့ NCA စာချုပ်ကို အခြေခံပြီးတော့မှ တိုင်းရင်းသားလူမျိုးတွေအသီးသီးရဲ့ လိုလားချက်တွေကိုကျွန်တော်တို့ နိုင်ငံရေးစကားဝိုင်း ထိုင်ပြီးတော့မှ ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်”ဟု ဗိုလ်မှူးကြီးဝင်းနိုင်ဦး က ဆိုသည်။

ယင်းအပြင်“နိုင်ငံတစ်ခု တိုင်းပြည်တစ်ခုမှာ ငြိမ်းချမ်းရေးရှိနေမှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဟာ ငြိမ်းချမ်းရေးနဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါတယ်။ ငြိမ်းချမ်းနေမှသာလျှင် နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား ထိရောက်နေမှာဖြစ်ပြီးတော့ တရားဥပဒေစိုးမိုးရေးရှိလာမှာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးရှိနေမှသာလျှင် တောရော မြို့ပါမကျန် နယ်စပ်ဒေသအားလုံး တရားဥပဒေစိုးမိုးရေးရှိမှသာလျှင် ငြိမ်းချမ်းမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရဟာ မိမိတို့ရဲ့ အကောင်အထည်ဖော်မယ့် မူဝါဒတွေကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟုလည်း ယင်းက ပြောသည်။

ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်မှု လုပ်ငန်းအတွက် ဗီယမ်နန်၊ ကမ္ဘောဒီယား၊ နီပေါ၊ ဖိလစ်ပိုင်စသည့် နိုင်ငံများသို့ သွားရောက်ကာ ၎င်းတို့ လုပ်နည်းလုပ်ဟန်များကို လေ့လာခဲ့ကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှု လမ်းကြောင်းမတူညီသော်လည်း နောက်ဆုံးရည်ရွယ်ချက်မှာ ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက်သာဖြစ်ကြောင်း ၎င်းကဆိုသည်။

ခေတ်မင်း

Leave a Reply