Advertisements

မော်လမြိုင် ၊ မေ ၂၉

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြန်လည်သုံးသပ်ခြင်းနှင့် အမျိုးသမီးများပါဝင်ဦးဆောင်မှု မြင့်တင်ရေး၂ရက်တာ ဆွေးနွေးပွဲကို မော်လမြိုင်မြို့ မြိုင်သာယာရပ် ရာမညဟိုတယ်တွင် မေလ ၂၉ ရက်နေ့က စတင်ပြီး ကျင်းပလျက်ရှိသည်။

နိုင်ငံရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွင် အမျိုးသမီး ပါဝင်မှုနှုန်း ပိုမိုများလာစေရန်အတွက် ကျင်းပရခြင်း ဖြစ်ကြောင်း မွန်ညီညွှတ်ရေးပါတီ(MUP) ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် မိလဝီဟန်က ပြောသည်။

Advertisements
data-language="en"

“အမျိုးသမီးတွေ နိုင်ငံရေးမှာ ဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးမှာဖြစ်ဖြစ် ပိုမိုပါဝင်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွေးနွေးတယ် ။

ဆွေးနွေးလို့ ရတဲ့အဖြေကို သယ်သွားပြီးတော့မှမူဝါဒ ချမှတ်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်တယ်”ဟု ဆိုသည်။

လူငယ်တွေအနေနှင့် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီး အမျိုးသား မခွဲခြား ပဲလုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ယင်းသို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မိလဝီဟန် ကပြောကြားသည်။

အမျိုးသမီး ပါဝင်မှု မြှင့်တင်ရေး အပါအဝင် တခြားနိုင်ငံရေး ပါတီ နှင့် မွန်လူမှု အဖွဲ့အစည်း များလည်း ဆွေးနွေးလိုသည့် အကြောင်းအရာ များကို ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးဆွေးနွေးမှု နည်းပညာအထောက်အကူပြုအဖွဲ့မှ နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

“ ဆွေးနွေးပွဲ ရလဒ်ကို အခြေခံပြီး အစည်းအဝေးမှာ ဆုံးဖြတ်ထားတဲ့ အတိုင်း တက်ရောက်လာသည့် အင်အားစုသုံး၏ အဓိကအကောင်အထည်ဖော်စေချင်တဲ့ ကိစ္စကို ကျွန်တော်တို့ ဆောင်ရွက်သွားမယ် ”ဟု နိုင်ဟံသာဗွန်ခိုင်က ဆိုသည်။

ဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီ(NMSP)မှ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်းနှင့် အဖွဲ့ဝင်များ၊ မွန်ညီညွှတ်ရေးပါတီ(MUP) မှတွဲဖက်အတွင်းရေးမှူး ၂ နိုင်စံတင်နှင့် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်များ မွန်အရပ်ဘက်အဖွဲ့အစည်းများ နှင့် ရာမညရှေ့နေများကွန်ရက်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

ရန်လင်းအောင်

Leave a Reply