ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် နိုင်ငံတကာမှ ပေးအပ်မည့် ကူညီထောက်ပံ့ငွေများကို စီမံခန့်ခွဲမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coordinating Body for Peace Process Funding-JCB)ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မည်ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

15-678x381

ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းတွင် တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

 

 

ဒီဇင်ဘာလ ၂၀ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ သင်္ဂဟ ဟိုတယ်တွင် ကျင်းပသည့် JCB ဖွဲ့စည်းခြင်း အခမ်းအနား နှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ရာတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့(JCB) တွင် ဥက္ကဌ အဖြစ် ဆောင်ရွက်မည့် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အစိုးရဘက်မှ ကိုယ်စားလှယ် (၈)ဦး နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ ကိုယ်စားလှယ် (၈)ဦးဖြင့် ဖွဲ့စည်းရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေများကို ခွဲဝေသုံးစွဲရန်ရာတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကဏ္ဍ(Ceasefire Sector)၊ စေ့စပ် ညှိနှိုင်း ဆွေးနွေးရေးကဏ္ဍ(Negotiation and Dialogue Sector)၊ ငြိမ်းချမ်းရေး အထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍ(Peace Supporting Development Sector) နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကဏ္ဍ (NRPC Sector) စသည်ဖြင့် ဦးစားပေးကဏ္ဍကြီး (၄) ရပ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖွဲ့စည်းလိုက်သော JCB အနေဖြင့် စီမံကိန်းများ ရေးဆွဲရာတွင်လည်း အလှူရှင်ဘက်က ထောက်ပံ့ကူညီလိုသည့် စီမံကိန်းများ မဖြစ်စေဘဲ လက်တွေ့အခြေအနေ ပကတိ လိုအပ်ချက်များကို အခြေခံ စဉ်းစားသုံးသပ်ပြီး အလှူရှင်များဘက်က လိုအပ်သည့် အလှူငွေများ ဖြည့် ဆည်း ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွား မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယင်းအခမ်းအနားတွင် ပြောဆိုခဲ့သည်။

ထို့အပြင် နိုင်ငံတကာ အလှူရှင်များမှ ၏ ကူညီထောက်ပံ့ငွေများကိုလည်း အလေအလွင့် အနည်းဆုံးဖြစ်စေရေး အတွက် တာဝန်ယူမှု အပြည့်အဝဖြင့် ဆောင်ရွက်ရန် ၎င်းက ထည့်သွင်းပြောဆိုခဲ့ကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် နိုင်ငံတကာ အကူအညီများနှင့် ပတ်သက်ပြီး စီမံခန့်ခွဲမှုများကို မြန်မာငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)က အဓိက ကိုင်တွယ် ဆောင်ရွက်ခဲ့သည်။

Leave a Reply