မွန်ပြည်နယ် နှင့် မွန်ပြည်နယ် အနီး လက်နက်ကိုင် တပ်ဖွဲ့ များ အခြေစိုက် လျက်ရှိ သည် ။ဘုရား သုံးဆူ ဒေသနှင့် မွန်ပြည်သစ် ပါတီ အခြေစိုက်လျက်ရှိသည်။
မွန်ပြည်သစ်ပါတီ သည်ကား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက် NCA လက်မှတ် ရေး ထိုး ထားခြင်း မရှိ သောကြောင့် အစိုးရ ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များ အကြား ပူးတွဲ ပြုလုပ်လေ့ရှိသော ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့် ရေး လုပ်ငန်း စဉ်များ တွင်ပါဝင်ခြင်း ရှိမနေပေ။
လတ် တလော မွန်ပြည်နယ် လုံခြုံရေး နှင့်နယ်စပ်ရေး ရာ ဝန်ကြီး ဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက မွန်ပြည်သစ် ပါတီ က တရားဥပဒေ စိုးမိုးရေး လုပ်ငန်း အချို့ နှင့် တရား စီရင် ပိုင်း ပါဝင်သတ်သက် မှု များပြု လုပ်ခဲ့ သည် ဟုပြောဆိုထားသည်။

wntmpt

ယင်း ပြဿနာ များ ကြောင့် လတ်တလော မွန်ပြည်သစ်ပါတီ နှင့် အစိုးရ အဖွဲ့ အကြား ဆွေးနွေး မှုများ ပြုလုပ် ထား ရသည်။
ပြဿနာ ဇစ်မြစ် သည်ကား မွန်ပြည်သစ် ပါတီ နှင့် တပ်မတော် အကြား နယ်မြေ ပိုင်းခြား သတ်မှတ်ရေး ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပူးတွဲ စောင့်ကြည့် ကိစ္စ အချို့ ဆွေးနွေး နိုင်ခြင်း ရှိ မနေ၍ ဖြစ်သည်။

ယင်းသို့ ဆွေးနွေး နိုင်ခြင်း မရှိသေး သည့် ကိစ္စ မှ NCA လက်မှတ်ရေး ထိုးနိုင်မှု မရှိသော ကြောင့် တရား ဥပဒေ ရေးရာ ကိစ္စ များ ပြဿနာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ်အတွင်း မွန်ပြည်သစ်ပါတီအနေနှင့် နယ်ဘက်အုပ်ချုပ်ရေးကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ခြင်း၊ တရားစီရင်ရေးနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များကို ချိုးဖောက်စေသည့် သဘောမျိုးသက်ရောက်သော ဖြစ်စဉ်စုစုပေါင်း ၂၈ ခုရှိခဲ့ကြောင်း ဗိုလ်မှုးကြီးဝင်းနိုင်ဦး ကပြောဆိုသည်။

မူးယစ်ဆေးဝါး ဖမ်းဆီးမှုများတွင် မွန်ပြည်သစ်ပါတီက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်ရှိပြီး နယ်ဘက်တရားစီရင်ရေး ကိစ္စရပ်များကို စွက်ဖက်မှုမဖြစ်ရန် မွန်ပြည်သစ်ပါတီ ထိန်းချုပ်မှုနယ်မြေအတွင်း နေထိုင်သူများ၏ ပြစ်မှုကျူးလွန်မှုများကိုသာ ပြဿနာပြေလည်စေရန် ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီ ဝင်နိုင်ဝင်းလှကပြောဆိုသည်။
လတ်တလော တွင် မွန်ပြည်သစ် ပါတီ နှ့် အစိုးရ အကြား ညိနှိုင်း နေရ သော တရား စီရင်ရေး ကိစ္စ တွင် ရူပ်ထွေး မှု ဖြစ်ပေါ် ခဲ့သည့် ပြဿ သုံးခု ရှိနေသည်။

ဖြစ်စဉ် (၁)

ကရင်ပြည်နယ်၊ ကမ်းနီကျေးရွာတွင် မူးယစ်ဆေးဝါး သုံးစွဲသူများပြားလာသည်ဟု ကျေးရွာမိဘပြည်သူများက မွန်ပြည်သစ်ပါတီထံသို့ တိုင်တန်းလာသဖြင့် မူးယစ်ဆေးဝါးရောင်းချသူကို လိုက်လံဖမ်းဆီးရာမှ ဇရပ်တစ်ခုတွင် မသင်္ကာဖွယ် ရွာသားခြောက်ဦးတွေ့၍ ခေါ်ယူခဲ့ရာတွင် ရွာသားများထွက်ပြေးခြင်းကို သေနတ်ဖြင့် ခြောက်လှန့် ပစ်ခဲ့ရာ ရွာသားတစ်ဦးကို ထိမှန်ခဲ့ရခြင်းဖြစ်ကြာင်း မွန်ပြည်သစ်ပါတီ သထုံခရိ်ုင်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အဓိကတော့ မူးယစ်ဆေးရောင်းသူကို သွားဖမ်းတာ၊ သွားဖမ်းတဲ့အချိန်က ရောင်းတဲ့လူက ပြန်သွားပြီး၊ ဇရပ် ပေါ်မှာ မူးယစ်ဆေး သုံးစွဲသူနဲ့ ဖဲကစားတဲ့သူတွေရှိတယ်။ သူတို့က ကျွန်တော်တို့အဖွဲ့ကိုမြင်တော့ ထွက်ပြေးကြတယ်၊ မပြေးနဲ့လို့ပြောတာ သေနတ်ကို ထောင်ပစ်တာပဲ၊ ဒါပေမယ့် မတော်တဆထိသွားတာ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး”ဟု ၎င်းက ပြောသည်။

ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သည့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်ကို တရားဥပဒေအရ အရေးယူနိုင်ရန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးထံ လွှဲပြောင်းအပ်နှံရေးအတွက် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက မော်လမြိုင်ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးမှတစ်ဆင့် မွန်ပြည်သစ်ပါတီဌာနချုပ်သို့ စာပေးပို့ထားခဲ့ကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဆိုသည်။

ထို့ပြင် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း မွန်ပြည်သစ်ပါတီ သထုံခရိုင်မှ ခရိုင်ကော်မတီဝင် နိုင်ပကောထော် အဖွဲ့က မူးယစ်ဆေးဝါး မသင်္ကာမှုဖြင့် ကော့ပနော့ကျေးရွာနေ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးကို ဖမ်းဆီး ခဲ့ခြင်းကိုလည်း တရားဥပဒေနှင့်အညီသာ တရားစီရင်နိုင်ရေးအတွက် ကျိုက်မရောမြို့နယ်၊ တရနာရဲစခန်းထံသို့ လွှဲပြောင်းအပ်နှံပေးရန် မွန်ပြည်သစ်ပါတီကို သတိပေးပြောဆိုထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မူးယစ်ဆေးဝါးမှုဖြင့် မွန်ပြည်သစ်ပါတီက ဖမ်းဆီးထားခဲ့သည့် ကော့ပနော့ကျေးရွာသူ၊ ကျေးရွာသားသုံးဦးကို ကျိုက်မရောမြို့နယ်၊ တရနာရဲစခန်းထံ စက်တင်ဘာလ ၂၈ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား ၄၈ ပြားနှင့် အတူ လွှဲပြောင်းအပ်ပေးခဲ့ပြီးဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းဖွံ့ဖြိုးရေးတာဝန်ခံ နိုင်ဟံသာဗွမ်ခိုင်က ဆိုသည်။

ဖြစ်စဉ်(၂)

မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာတွင် လွန်ခဲ့သော ဧပြီလက ဖြစ်ပွားခဲ့သည့် အသက် ၁၇ အရွယ် အမျိုးသမီး တစ်ဦးကို ဆိုင်ကယ်တင် ခိုးယူထွက်ပြေးခဲ့သည့် လူငယ်ကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးထားမှုနှင့် ပတ်သက်၍ ထိုကိစ္စသည် နယ်ဘက်တရားစီရင်ရေးကို ဝင်ရောက်စွပ်ဖက်မှု ဖြစ်ပေါ်စေသည်ဟု မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအနေဖြင့် မွန်ပြည်သစ်ပါတီထံ ကန့်ကွက်အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။

မိန်းမခိုးယူခဲ့သည့် လူငယ်ကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးခဲ့ခြင်းသည် ယင်းလူငယ်မှာ အသက်မပြည့် အမျိုးသမီးငယ်ကို အုပ်စုဖွဲ့ အဓမ္မခိုးယူခဲ့သည့်အပြင် သားမယားအဖြစ် ပေါင်းသင်ရန်အတွက် အဓမ္မ ကာမပြုကျင့်သည်ဟု စစ်ဆေးတွေ့ရှိခဲ့၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းလူငယ်ကို မွန်ပြည်သစ်ပါတီမှ ထောင်ဒဏ် ၅ နှစ်နှင့် လျော်ကြေးငွေကျပ်သိန်း ၄၀ ကျပ် မွန်ပြည်သစ်ပါတီထိန်းချုပ်မှုနယ်မြေ အင်းခွကျေး ရွာတွင် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဖြစ်စဉ် (၃)

မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအတွင်း နေထိုင်ကြသူများ၏ ပညာသင်ကြားနေသော မွန်စာသင်ကျောင်း ၂၀ဝ ခန့်နှင့် ကျန်းမာရေးကိစ္စများအတွက် လိုအပ်သည့် ငွေကြေးများကြောင့် မွန်တိုင်းရင်းသား ကျေးရွာများရှိ ပြည်သူများထံမှ ဆန်သုံးပြည် သို့မဟုတ် ငွေ ၃၀ဝ၀ ကျပ်ကို ကောက်ခံမှုများရှိနေသည်။
ယင်း ကိစ္စ ကို ရပ်နား ရန် မွန်ပြည်နယ် အစိုးရ နှင့် မွန်ပြည်သစ်ပါတီ တို့ ညှိနှိုုင်း မှု အချို့လည်း ရှိထားသည်။
သို့သော် လတ်တလော ရပ်ဆိုင်းရန် အခတ်အခဲများ ရှိနေပြီး တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်လက်မှတ်ရေးထိုးပြီးပါက ယင်းကိစ္စများကို လုပ်ဆောင်သွားမည်မဟုတ်ကြောင်း နိုင်ဝင်းလှ ကပြောဆိုထားသည်။

ဘယ်လိုဖြေရှင်းကြမလဲ

မွန်ပြည်သစ်ပါတီသည် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့်အတွက် မွန်ပြည်နယ် ဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းဖြစ်သော မူးယစ်ဆေးဝါး ဖမ်းဆီးရေးလုပ်ငန်းများကို အစိုးရ၏ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောဆိုခဲ့သည်။
မူးယစ်ဆေးဝါးဖမ်းဆီးမှု၊ တပ်သားသစ် စုဆောင်းရေးနှင့် နယ်ဘက် တရားစီရင်ရေး ဝင်ရောက်စွက်ဖက်ခြင်း ကိစ္စရပ်များကို မွန်ပြည်သစ်ပါတီဘက်မှ ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်နိုင်သည့် ကိစ္စရပ်များရှိကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ပြည်နယ်အစိုးရနှင့် ဆွေးနွေးမှုများတွင် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သွားမည့် ကိစ္စရပ်များတွင် အချို့ကိစ္စရပ်များကို သဘောတူညီနိုင်သော်လည်း အချို့ကိစ္စရပ်များမှာ ၎င်းတို့ပါတီအတွင်း ပြန်လည်ဆွေးနွေး ညှိနှိုင်းပြီးမှသာ ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်၍ရမည့် ကိစ္စရပ်များလည်းရှိကြောင်း မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများ ဖြေရှင်းမည့် ပုံသဏ္ဍန် ကို ပြောပြသည်။

“မွန်ပြည်သူတွေ ပြဿနာတစ်စုံတစ်ရပ်ဖြစ်ရင် နှစ်ဦးနှစ်ဖက်စလုံး ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမှ စီရင်ဆုံးဖြတ်မယ်။ အဲဒါကြောင့် အစိုးရဲ့ တရားရေးမှာ ဝင်ရောက်စွက်မှုမရောက်အောင် တော်တော်လေးကို ရှောင်နေရတယ်။ အခုလည်း ရှောင်နေရပါတယ်”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် တပ်သားသစ်များ စုဆောင်းမှုမရှိသည့်အပြင် လက်ရှိမွန်ပြည်သစ်ပါတီထဲတွင် ရှိနေသည့် အင်အားအများစုမှာ အသက်ကြီးနေပြီးဖြစ်၍ အစိုးရကို ထိုးစစ်စင်ရန် အစီအစဉ်လုံးဝမရှိကြောင်း နိုင်ဝင်းလှက ထပ်လောင်းပြောကြားသည်။

Leave a Reply