ငွေကြေး အလွဲသုံးစား ပြုလုပ်သည့် မီးလင်းရေး ကော်မတီများကို အရေးယူမည်

မွန်ပြည်နယ်အတွင်း ကိုယ်ထူကိုယ်ထ ကျေးရွာမီးလင်းရေးကော်မတီအနေဖြင့် ငွေကြေး အလွဲသုံးစား ပြုလုပ်ပါက အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်ထင်အောင်ဟန်က ပြောကြားသည်။

မီးလင်းရေး ကော်မတီများကို ငွေကြေး စနစ်တကျ စီမံခန့်ခွဲရန်နှင့် ထုတ်ပြန်ထားသည့် စည်းကမ်းများကို လိုက်နာရန် ညွှန်ကြားထားပြီး၊ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများက တိုင်ကြားလာပါက အရေးယူပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဓိကကတော့ အလွဲသုံးစား လုပ်ရင် အရေးယူမယ်”ဟု ၎င်းက ဆိုသည်။

မီးလင်းရေး ကော်မတီများသည် ရန်ပုံငွေများဖြင့် သီးခြာ ရပ်တည်သည့် အဖွဲ့အစည်းများ ဖြစ်သည့်အတွက်ကြောင့် ငွေကြေး သုံးစွဲမှုများတွင် ပြဿနာများစွာ ဖြစ်ပေါ်နေကြောင်း မွန်ပြည်နယ် လွှတ်တော်၏ တိုင်ကြားစာ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။

“ကျွန်တော်တို့ တိုင်ကြားစာ ကော်မတီအနေနဲ့ တိုင်ကြားစာတွေ ဖြေရှင်းတဲ့ နေရာမှာဆို မီးလင်းရေး ကော်မတီကိစ္စဟာ အခက်အခဲဆုံးပဲ ဖြစ်တယ် တစ်ရွာနဲ့ တစ်ရွာ မတူလောက်အောင်ဖြစ်တယ်၊ ဒီလို ညှိနှိုင်းပေးမယ့် ဘယ်လိုမှ အဆင်မပြေတာတွေ ရှိနေတယ်” ဟု ၎င်းက ဆိုသည်။

ငွေကြေး ရှင်းတမ်းများ မထုတ်ပြန်သည့်အတွက် တိုင်ကြားမှုများရှိနေသည့် မြို့နယ်စာရင်းတွင် မုဒုံ ၊သံဖြူဇရပ်နှင့် ပေါင်မြို့နယ်တို့ ပါဝင်ကြောင်း၊
ပြည်နယ်အစိုးရအနေဖြင့် မီးလင်းရေး ကော်မတီများကို ပြန်လည် လွှဲပြောင်းယူရန်မှာလည်း ဝန်ထမ်းအင်အား အခက်အခဲများ ရှိနေခြင်းကြောင့် ယင်းကော်မတီများကိုသာ တာဝန်ပေးအပ်ထားမည်ဖြစ်ကြောင်း၊ ယခုအခါ ပြည်နယ် အစိုးရအနေဖြင့် ထရန်စဖော်များ အင်အားမနိုင်တော့သည့် ကိုယ်ထူကိုယ်ထ မီးလင်းရေး ကော်မတီများသို့ ထရန်စဖော်အသစ်များ ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း ဦးမင်းထင်အောင်ဟန်က ပြောသည်။

မီးလင်းရေး ကော်မတီများကို ယခင်အစိုးရ လက်ထက်က မူဝါဒ အချက် ၂၄ ချက်ဖြင့် ဆောင်ရွက်ခဲ့ရာမှ ယခုအခါ ကော်မတီဖွဲ့စည်းမှုနှင့် သုံးစွဲမည့် ဓာတ်တိုင်များ၊ ဝါယာကြိုးများအတွက် အချက် ၁၂ ချက်ဖြင့် ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

Written by – ဇော်ထိုက်

1 comment:

  1. ကျနော်ငွေသိန်း၁၆၀ သံဖြူဇရပ်ထင်းရူးကျေးရွာမီးလင်းရေးမှာထည့်ထားတာကျနော်ခုထိမရသေးပါဘူး ကူညီဖြေရှင်းပေးမယ့်သူလည်းမရှိဘူး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.