Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မုဒုံမြို့နယ် ဆေးရုံတွင် ဆေးရုံတက်ရောက်လာသော လူနာများထံမှ ငွေကြေးတောင်းခံမှုများရှိနေသည်ဟူသော ကိစ္စရပ်အတွက် ဆေးရုံတာဝန်ရှိသူများက စက်တင်ဘာ ၂၅ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

၎င်းတို့ဆေးရုံသည် ဆင်းရဲနွမ်းပါးသောလူနာများအတွက် လူနာစောင့်မရှိပါက တစ်ရက် ၅ဝဝဝ ကျပ်နှုန်းဖြင့် လူနာစောင့်ငှားရမ်းပေးကာ အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း မုဒုံမြို့နယ်ကုသရေး ဦးစီးမှူးဒေါက်တာမြင့်သိန်းဦးက ပြောကြားသည်။

Advertisements
data-language="en"

“ဒီဆေးရုံရောက်လို့ ကျွန်တော်တို့ဂရုမစိုက်လို့ လူနာဆုံးရှုံးသွားတာမရှိဘူး၊ အာမခံတယ်၊ ဆင်းရဲတဲ့ လူနာတွေအတွက် ကျွန်တော်ခံယူထားတာ သိနေတာကတော့ အကုန်အဆင်ပြေနေပါတယ်”ဟု ၎င်းကပြောသည်။

ယင်းအပြင် ဝန်ကြီးဌာန၏ အခမဲ့ပေးနေသောဆေးဝါးများ ပိုနေသောကြောင့်ရက်လွန်မှု မဖြစ်စေရန်ဆောင်ရွက်နေရကြောင်း ၎င်းက ပြောဆိုသည်။

တစ်ဆက်တည်း မွေးလူနာများ မွေးဖွားရာတွင်မီးစက်မောင်းထားရခြင်း၊ မွေးခန်း သန့်ရှင်းမှုရှိစေရန် ဆောင်ရွက်ရခြင်း တို့အတွက်ဌာနမှပေးထားသော အသုံးစရိတ်ဖြင့် အလျင်မမီခြင်းတို့ကြောင့်စေတနာရှိသလောက် လှူဒါန်းခွင့်ပြုထားကြောင်း ဒေါက်တာမြင့်သိန်းဦးက ပြောသည်။

“မုဒုံဆေးရုံမှာ ငွေကြေးကောက်ခံမှုတွေရှိတယ်လို့ ကျွန်မကို ဒေသခံတွေက လာရောက်ပြောကြားတာရှိပါတယ်၊ ငွေကြေးကောက်ခံတဲ့နေရာမှာ ရန်ပုံငွေပါ တစ်ခါတည်းတွဲပြီး ကောက်ခံနေတာပါ” ဟု မုဒုံမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ယင်းအပြင် ဆေးရုံ၌ မွေးလူနာများကိုခွဲမွေးလျှင် ရှစ်သောင်းမှ တစ်သိန်းကျပ်၊ ရိုးရိုးမွေးလျှင် ငါးသောင်းကျပ်ထိ ငွေကြေးကောက်ခံခြင်းများ ရှိနေကြောင်း ၎င်းင်းက ပြောသည်။

ထိုကိစ္စအတွက် မွန်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက ဆေးရုံသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၁၁ ကြိမ်မြောက် မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ပြောဆိုထားသည်။

Written by ထိုက်ထိုက်

Leave a Reply