ငွေလဲနှုန်း တည်ငြိမ်စေရန် အရန်ငွေ ဒေါ်လာ သန်း ၆၀ ကျော် ဗီယက်နမ် ဗဟိုဘဏ် ဝယ်ယူထား

ဟနွိုင်း ဇန်နဝါရီ ၂၇

ဗီယက်နမ်နိုင်ငံ ဗဟိုဘဏ်သည် နိုင်ငံအတွင်း ငွေလဲနှုန်း တည်ငြိမ်စေရန် အမေရိကန်ဒေါ်လာများကို အများအပြား ဝယ်ယူစုဆောင်းကာ အရန်ငွေအဖြစ် ထားရှိခဲ့ရာ ၂၀၁၈ခုနှစ်အတွင်း ကန်ဒေါ်လာ ၆၃ဒသမ ၃၅ဘီလီယံအထိ ဝယ်ယူထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

လာမည့် ရက်သတ္တပတ် အတွင်း အမေရိကန် ဒေါ်လာ ၁ ဘီလီယံမှ ၂ ဘီလီယံ အထိ ထပ်မံ ဝယ်ယူနိုင်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူက ပြောသည်။ ယင်းပြောဆိုချက်ကို ဗီယက်နမ် နေ့စဉ် သတင်းစာတွင် ကိုးကား ဖော်ပြခဲ့သည်။

“ဒေါ်လာတွေကို ဗဟိုဘဏ်ဘက်နေ ဝယ်ယူပေးနေတယ်ဆိုတာက လုံလောက်တဲ့ ဈေးနှုန်းနဲ့ ဈေးကွက်တွင်း တည်တည်ငြိမ်ငြိမ် ရှိနေစေဖို့ဖြစ်ပါတယ်။ ဒေါ်လာအပ်ငွေတွေကိုလည်း အတိုးနှုန်း သုညရာခိုင်နှုန်းသာ လက်ရှိထားပေးထားတာကြောင့် အထောက်အပံ့ဖြစ်မှာပါ”ဟု ဗဟိုဘဏ် ပြောရေးဆိုခွင့်ရှိသူ မစ္စတာ လီမင်ဟွမ်က ပြောသည်။

အမေရိကန် ဒေါ်လာ အပ်နှံငွေများအပေါ် ဗဟိုဘဏ်က လက်ရှိတွင် သုည ရာခိုင်နှုန်း အတိုးနှုန်း သတ်မှတ်လိုက်ခြင်းက အမေရိကန် ဒေါ်လာ ကိုင်ဆောင်ထားသူများ အနေဖြင့် အတိုးနှုန်း ပိုမို မြင့်မားစွာ ရရှိစေရေး အတွက် ဗီယက်နမ် ဒွန်ငွေ နှင့် လဲလှယ်ရန် တွန်းအားပေးသကဲ့သို့ဖြစ်ခဲ့ရာ ဗဟိုဘဏ်က နိုင်ငံခြား ငွေကြေး ဈေးကွက်ကို ကိုင်တွယ်ရာတွင် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

CNN

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.