ရန်ကုန်၊ ဒီဇင်ဘာ ၂၀

မြန်မာနိုင်ငံအတွင်း အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသော ငွေးကြေးဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့နိုင်ရေး အမေရိကန်ဒေါ်လာ သန်းတစ်ရာ ကို ချေးငွေအဖြစ် ပေးအပ်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် (World Bank) က ကြေညာလိုက်သည်။

အဆိုပါ ချေးငွေသည် ပြန်ဆပ်ကာလ ၃၈နှစ်ဖြစ်ပြီး ဆိုင်းငံ့ကာလ ခြောက်နှစ် အပါအဝင် အတိုးမဲ့ နှစ်ရှည် ချေးငွေဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

myr_agriculture_780x439

         ယင်းချေးငွေကို ပေးအပ်ခြင်းဖြင့် မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ၊ အသေးစား စီးပွားရေးလုပ်ငန်းရှင်များနှင့်          ဝင်ငွေနည်းပါးသောမိသားစုဝင်များအတွက် အကျိုးခံစားရမည်ဟု ဆိုသည်။
                                                                                                                                                Photo- World Bank

 

အဆိုပါ ချေးငွေများကို မြန်မာအစိုးရထံ ပေးအပ်ရန်အတွက် ယနေ့ ဆုံးဖြတ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံစီးပွားရေး တိုးတက်လာရေးအတွက် အရေးကြီးသည့် အသေးစားချေးငွေလုပ်ငန်းများနှင့် အာမခံလုပ်ငန်းများ မြှင့်တင်နိုင်ရေးကို အဓိက ရည်ရွယ်ထားကြောင်း လည်း သိရသည်။

ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ulruch Zachau ကမူ “ချေးငွေတွေပိုမိုရရှိလာတာနဲ့ အမျှ စီးပွားရေးလုပ်ငန်းတွေကို တိုးချဲ့လာနိုင်မှာဖြစ်ပြီး ဒါဟာဝင်ငွေတွေ ပိုမိုတိုးတက်လာဖို့ အခွင့်အလမ်းတစ်ခု ဖြစ်သလို လူတွေကိုလည်း အလုပ်အကိုင်တွေ ပေးနိုင်ပါလိမ့်မယ်။ တောင်သူလယ်သမားတွေ၊ အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ ဝင်ငွေနည်းပါးတဲ့ မိသားစုဝင်တွေအားလုံး အကျိုးခံစားရမှာဖြစ်ပါတယ်” ဟု ဆိုသည်။

အဆိုပါ ကမ္ဘာ့ဘဏ်မှ ချေးငွေယူရန်အတွက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်များက အတည်ပြု ဆုံးဖြတ်ထားပြီးဖြစ်သည်။

Leave a Reply