မော်လမြိုင်၊ အောက်တိုဘာ ။ ။ သံဖြူဇရပ်မြို့နယ်ရှိစက်စဲကမ်းခြေသာယာလှပရေးအတွက် သောင်ပြင်ပေါ် ဈေးရောင်းခွင့် အပါအဝင် မော်တော်ယာဉ်၊ မြင်း၊ စက်ဘီးစီးနင်းခွင့်အားပိတ်ပင် တားမြစ်လိုက်ကြောင်းမွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေးကဟင်္သာမီဒီယာသို့ ပြောကြားသည်။

setse

“လောလောဆယ်မှာ ကျွန်တော်တို့ကိုဈေးသည်တွေကအသနားခံစာတင်ထားလို့ ဘုရားပွဲ ပြီးတဲ့အထိစောင့်ထားပေးတယ်၊ ဘုရားပွဲပြီးရင်တော့ ကမ်းခြေမှာဘာမှ မပေးလုပ်တော့ဘူး၊ ဒါမှလည်းသောင်ပြင်သန့်ရှင်းသာယာလှပမှာလေ”ဟု ၎င်းက ဆိုသည်။

အဆိုပါ စက်စဲကမ်းခြေသောင်ပြင်တွင် တွန်းလှည်းများဖြင့် ဈေးရောင်းကြသည့် ဈေးသည်များအနေဖြင့် အမှိုက်များကိုမထိန်းသိမ်းဘဲသဲများတွင် ဖုံးအုပ်မြှုပ်နှံထားမှုနှင့် ဈေးသည်များမှ ထွက်ရှိသည့် အကြော် အနံ့အသက်များကြောင့် ကမ်းခြေသဘာဝပတ်ဝန်ကျင်ထိခိုက်မှုများရှိနေကြောင်း၎င်းကပြောသည်။

ထို့အပြင် ဈေးသည်များကိုကန့်သတ်လိုက်ခြင်းကြောင့် မလိုလားအပ်သည့် ပြဿများမပေါ်ပေါက်စေရန် မြင်း၊ စက်ဘီးဌားရမ်းသူများကိုပါ ထပ်မံကန့်သတ် တားမြစ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အလားတူစက်စဲကမ်းခြေတွင် အပန်းဖြေသူများစီနင်းနိုင်ရေးအတွက် ဌားရမ်းပေးနေသည့် အငှားမော်တော်ယာဉ်များကိုယာဉ်လိုင်စင်မရှိသည့် အတွက်ကြောင့် လုပ်ငန်းလုပ်ကိုင်မှုအားတွေ့ရှိပါကအမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဘယ်လိုပဲပြောပြောဒီယာဉ်တွေကဥပဒေနဲ့ ဘောင်မဝင်ဘူး၊ နောက်ပြီးထိုင်းနိုင်ငံကဝင်လာတာဖြစ်တယ်၊ လိုင်စင်လည်းမရှိကြဘူး၊ လိုင်စင်လုပ်ပေးဖို့ မဖြစ်နိုင်ဘူး၊ ဒီယာဉ်တွေကြောင့် အပန်းဖြေလာတဲ့ ပြည်သူတွေ အနှောင့်အယှက်ဖြစ်နေတယ်”ဟု ၎င်းက ပြောဆိုသည်။

စက်စဲကမ်းခြေရှိအဌားမော်တော်ယာဉ်များမှာဂေါက်ကွင်းများ၌ မောင်းနှင်စီးနင်းသည့် လေးဘီးမော်တော်ယာဉ် အပါအဝင် သုံးဘီးဘက္ထရီဆိုင်ကယ်များကိုအသိပညာပေးလုပ်ငန်းလုပ်ဆောင်ထားပြီးဖြစ်၍ သောင်ပြင်ပေါ် မောင်းနှင်လာပါကသွင်းကုန်ပို့ကုန် ဥပဒေပုဒ်မ ၈ အရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းဦးထွန်းဌေးကပြောကြားသည်။

“ကျွန်တော်တို့ကဒီမြင်းလေးတွေနဲ့ပဲလုပ်စားနေရတယ်၊ ဒီမြင်းတွေနဲ့ မလုပ်ရတော့ဘူးဆိုတော့ ကျွန်တော်တို့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတယ်၊ ပွဲတော် ရက်မှာအလုပ်မလုပ်ရတော့ ဝင်ငွေ မရှိကြဘူးပေါ့”ဟုစက်စဲကမ်းခြေတွင် မြင်းဌားစားနေသူတစ်ဦးကပြောဆိုသည်။

ကမ်းခြေသောင်ပြင်တွင် ဈေးရောင်းချခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် စားဝတ်နေရေးအခက်အခဲရှိနေပြီး၊ ယင်းကိစ္စကို ပြည်နယ်အစိုးရအဖွဲ့ထံအသနားခံတောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းစက်စဲကမ်းခြေကျေးရွာရှိလှည်းသမားဈေးသည် ဦးမြင့်ဇော်ကပြောသည်။

“ကျွန်တော်တို့ကဒီဂေါက်ကားကိုပဲအသက်မွေးဝမ်းကြောင်း ပြုပြီးလုပ်စားနေရတယ်၊ အခုက ကျွန်တော်တို့ ယာဉ်တွေကိုပိတ်လိုက်တော့ စားဝတ် နေရေးနဲ့ ကလေးတွေအတွက် အခက်အခဲတွေဖြစ်လာတယ်”ဟုစက်စဲကမ်းခြေတွင် အဌားမော်တော်ယာဉ် ဌားရမ်းနေသူဦးလှအောင် က ပြောဆိုသည်။

လက်ရှိတွင် စက်စဲကမ်းခြေ၌ ဂေါက်ကွင်းများတွင် စီးနင်းနေသည့် လေးဘီးမော်တော်ယာဉ်အပါအဝင် သုံးဘီးဘက္ထရီယာဉ် ၅၀ ကျော်နှင့် တွန်းလှည်းဈေးသည် ၂၀ ကျော်ရှိနေပြီး၊ အဆိုပါ လုပ်ငန်းအပေါ်မှီခိုလုပ်စားနေသည့် အလုပ်သမား ၁၀ဝ ကျော်ရှိနေကြောင်း ၎င်းက ပြောကြားသည်။

Leave a Reply